
သာပေါင်း ဒီဇင်ဘာ ၂၇
ဧရာဝတီတိုင်းဒေသကြီး သာပေါင်း မြို့နယ် ကျွန်းကုန်းကျေးရွာအုပ်စု ကျောက်အိုင်ကျေးရွာအနီး ကျောက် ချောင်းကြီးသစ်တောကြိုးဝိုင်း အကွက် အမှတ် (၂၉) ဦးစိန်မြင့်ဦး၏ ပုဂ္ဂလိက သစ်မာစိုက်ခင်းရှိ ရေကန်ထဲ၌ ဒီဇင်ဘာ ၂၇ ရက် နံနက် ၆ နာရီခွဲက တောဆင် ပေါက်ကလေးတစ်ကောင် သေဆုံးလျက် တွေ့ရှိ၍ ဒေသခံပြည်သူ၏ သတင်းပေး ချက်အရ သိရပြီး သစ်တောဦးစီးဌာန နှင့် ပူးပေါင်းအဖွဲ့တို့က အခင်းဖြစ်ပွား ရာနေရာသို့ သွားရောက် စစ်ဆေး အတည်ပြု မှတ်တမ်းရယူ မြေမြှုပ် သင်္ဂြိုဟ်ပေးခဲ့ကြသည်။
တောဆင်ပေါက်ကလေး တစ်ကောင် သေဆုံးမှုကို မြို့နယ်သစ်တောဦးစီး ဌာန တောအုပ်လှမင်းနှင့် ဝန်ထမ်းများ၊ ပုသိမ်သစ်တောကြိုးဝိုင်း ဆင်ဆရာဝန် ဒေါက်တာဦးလင်းလင်းထွန်း၊ သစ်တော ရဲတပ်ဖွဲ့ဝင်များ၊ မြို့မရဲစခန်း စခန်းမှူး ဒုတိယရဲမှူး ဝင်းနိုင်ဦးနှင့် တပ်ဖွဲ့ဝင် များ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ဒေသခံ ပြည်သူများနှင့်အတူ သေဆုံးဆင်ပေါက် လေးကို ရေကန်မှ ဆယ်ယူ၍ ပုသိမ် သစ်တောကြိုးဝိုင်း ဆင်ဆရာဝန် ဒေါက်တာက တိုင်းတာစစ်ဆေးမှုများ ပြုလုပ်ကြရာ ဆင်ပေါက်ကလေးသည် အမဖြစ်ပြီး အသက် ၁၀ ရက်၊ အရပ် သုံးပေ၊ အလျား ၂ ပေ ၁၀ လက်မ လုံးပတ် လေးပေ၊ မျက်လုံးဘုတ်၊ နားရွက်သေးဖြစ်ပြီး ဒီဇင်ဘာ ၂၅ ရက် ခန့်က ရေနစ်သေဆုံးခြင်းဖြစ်ကြောင်း ဆေးစစ်ချက်အရ စစ်ဆေးတွေ့ရှိခဲ့ပြီး တောဆင်ပေါက် အမကလေးကို အခင်း ဖြစ်ပွားရာနေရာ၌ မြေမြှုပ်သင်္ဂြိုဟ် ပေးခဲ့ကြကြောင်း သိရသည်။
မျိုးဇော်သိန်း(ပြန်/ဆက်)