သာလီစွပါ ဓညဝတီ

Type

 

မောင်အောင်
“ကိုအောင်ရေ    ငါ့ညီသတင်းပျောက်နေလို့။    ဟိုတစ်နေ့ကမှ  ရုပ်မြင်သံကြားသတင်းထဲမှာ မင်းစစ်တွေ ရောက်နေတာ သိရတယ်။ ငါ့ညီကတော့ တို့လယ်သမား မျိုးရိုး ပီသပါပေတယ်ကွာ။ ရောက်တဲ့နေရာမှာ လယ်ထဲဆင်းပြီး အလုပ်လုပ်။ တို့လယ်သမားတွေကို   ရှင်းပြနေတာမြင်ရတော့   မင်းကို တို့အမျိုးလို့ ပြောရတာ  အတော်လေးကို ကျေနပ်အားရမိတယ်ကွာ။”
ကျွန်တော့်အစ်ကိုကြီး      တယ်လီဖုန်း Viber မှ တစ်ဆင့် ပေးပို့လာသောစာကိုဖတ်၍    ကျွန်တော် အားရကျေနပ်နေပါသည်။
ကျွန်တော် စစ်တွေရောက်နေသည်မှာ သုံးပတ်ရှိ သွားပါပြီ။ မိုခါမုန်တိုင်းကျေးဇူးကြောင့် ကျွန်တော်တို့ တစ်တွေ နေပြည်တော်ကိုပစ်ပြီး စစ်တွေကို လာခဲ့ ကြရသည်။ ကျွန်တော်တို့မှာ မူလတာဝန်တွေရှိနေ ပါသည်။ သို့သော် မူလတာဝန်တွေထက် အရေးကြီး တာက စစ်တွေ။ ကျွန်တော်တို့၏ သွေးချင်းသားချင်း၊ တိုင်းရင်းသားများ နေထိုင်သည့် ရခိုင်ပြည်နယ်။
မိုခါမုန်တိုင်း  မေလ  ၁၄  ရက်နေ့က  မြန်မာ ပြည်ထဲကို ဝင်ရောက်ခဲ့သည်။ စစ်တွေမြို့ကို ဖြတ်၍ ဝင်ရောက်ခြင်းဖြစ်သဖြင့်  စစ်တွေမှာ   အပျက်အစီး အများဆုံးဖြစ်သည်။   မိုခါမုန်တိုင်းပင်   မစဲသေး၊ နောက်ဆက်တွဲလေးများ ရှိနေချိန်မှာပင် မေလ ၁၅ ရက်နေ့က   နိုင်ငံတော်အကြီးအကဲ   စစ်တွေကို ရောက်လာသည်။
“အရေးကြီးတော့   သွေးနီး”  ခြင်းဖြစ်သည်။ တစ်နိုင်ငံလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက် နေချိန်။ မအားလပ်သည့်ကြားက စစ်တွေသို့ ရောက် လာခြင်းဖြစ်သည်။  နိုင်ငံတော်အကြီးအကဲနှင့်အတူ ဝန်ကြီးများ၊     ဒုတိယဝန်ကြီးများ   ပါလာခဲ့သည်။ ထောက်ပံ့ရေးပစ္စည်းများကလည်း     တပ်မတော် လေယာဉ်ကြီးအပြည့်။
နိုင်ငံတော်အကြီးအကဲက  အပျက်အစီးများကို လိုက်လံစစ်ဆေးသည်။     မိုခါမုန်တိုင်းဒဏ်သင့် သွေးသားရင်းခြာ          ညီအစ်ကိုမောင်နှမများကို နွေးထွေးစွာ အားပေးသည်။ အသင့်ယူဆောင်လာ သည့်    ထောက်ပံ့ရေးပစ္စည်းများ  ပေးအပ်သည်။ ကိုယ်ချင်းစာနာသည့်  အမူအရာ၊  နွေးထွေးသည့် အပြုံးက ပြည်သူတို့ကို ကျေနပ်အားတက်စေသည်။ “အမေ့တစ်သက်နှင့် တစ်ကိုယ် နိုင်ငံ့ခေါင်းဆောင် တစ်ယောက်က   အခုလို   လက်ဆွဲနှုတ်ဆက်ပြီး ရင်းရင်းနှီးနှီး    အားပေးတာ   တစ်ခါမှမခံရဖူးဘူး။ ဝမ်းသာလွန်းလို့        မျက်ရည်တောင်ကျမိတယ်။ မိုခါမုန်တိုင်းလာမယ်ဆိုပြီး         အိမ်ကအဘိုးကြီး ကျောက်တော်သွားပြီး ရှောင်နေတာတောင် ပြန်မ ရောက်သေးဘူး။ နိုင်ငံ့ခေါင်းဆောင်က ရောက်လာ တယ်လေ။”
စစ်တွေမြို့  လောကာနန္ဒာဘုရားဝင်းကြီးအတွင်း သာသနာ့ဗိမာန်ရှိ        မုန်တိုင်းဒဏ်သင့်ပြည်သူများ ခိုနားရာစခန်းတွင် ရှိနေသည့် အသက် ၆ဝ ကျော် အရွယ် ရခိုင်အမျိုးသမီးကြီး ဒေါ်မရင်က သူ၏ခံစား ချက်ကို ဘကြီးအောင်တို့ကို ပြန်ပြောရင်း ဝမ်းသာ လွန်း၍ မျက်ရည်များပင် ဝိုင်းနေရှာသည်။
 ပြည်သူတွေ အားမငယ်ကြဖို့
နိုင်ငံတော်အကြီးအကဲက          ပြည်သူတွေ အားမငယ်ကြဖို့နှင့် စစ်တွေကို လက်ရှိအခြေအနေ ထက်   ပိုပြီးသာအောင်၊    ပိုပြီးတိုးတက်အောင် လုပ်ပေးမည်ဟု ပြောခဲ့သည်။  ပြောသည့်အတိုင်းပင် ဒုတိယဝန်ကြီးချုပ်တစ်ဦး ဦးစီးစေပြီး စစ်တွေမြို့ကို ရှင်းလင်းရေး၊ ပြန်လည်ထူထောင်ရေးလုပ်စေသည်။ တပ်မတော်သားများ၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ    စုစုပေါင်းအင်အား   ၄ဝဝဝ ကျော်ကို တပ်မတော်လေယာဉ်ကြီးများဖြင့် စစ်တွေ မြို့သို့ ပို့ဆောင်စေ၍ အပျက်အစီးများကို ရှင်းလင်း စေသည်။   စားနပ်ရိက္ခာများ၊   ထောက်ပံ့ရေးပစ္စည်း များ ပေးပို့စေသည်။ တပ်မတော်ရေတပ်မှ ရေယာဉ် ကြီးများဖြင့် သွပ်၊ သစ်၊ သံ စသည့်  တည်ဆောက်ရေး ပစ္စည်းများ ပေးပို့ပေးသည်။
သည်သို့ ဘက်ပေါင်းစုံမှ ဖြည့်ဆည်းဆောင်ရွက် ပေးမှုကြောင့်  မိုခါမုန်တိုင်းမွှေပြီး ရက် ၄ဝ အကြာ ဘကြီးအောင်တို့အဖွဲ့  စစ်တွေမြို့သို့  ရောက်သည့် အခါ စစ်တွေသည် အပျက်အစီးတွေ အတော်များများ ရှင်းလင်းပြီးဖြစ်နေသည်။    အမိုးလန်သွားသည့် အဆောက်အအုံအတော်များများတွင်   သွပ်အပြာ ရောင်၊ အညိုရောင်များဖြင့် မိုးထားပြီးဖြစ်နေသည်။ သွပ်မိုးရန် မသင့်သေးသည့် ယာယီအဆောက်အအုံ များတွင် တာရပတ်အပြာ၊ အစိမ်းများ   မိုးထားသည် ကို    တွေ့ရသည်။     နေပြည်တော်က   လာခဲ့သည့် ဘကြီးအောင်တို့အဖွဲ့   စစ်တွေမြို့ကို  လေယာဉ် ပေါ်မှကြည့်ရင်း “မိုခါကို အန်တု၍ စံပြုထိုက်သည့် ပြည်သူများ”၏ စိတ်ဓာတ်ကို အထင်ကြီးမိသည်။ လုပ်အားကို လေးစားမိသည်။ ထင်ထားသည်ထက် အချိန်တိုအတွင်း ဆောင်ရွက်ထားရှိမှုများက အံ့မ ခန်း။ လေးစားဂုဏ်ယူစရာ။”
ဖွံ့ဖြိုးရေးလုပ်ငန်းများ ဦးတည်
ဘကြီးအောင်တို့အဖွဲ့တွင်    ဒုတိယဝန်ကြီး ရှစ်ယောက်ပါသည်။ ရခိုင်ပြည်နယ်  တည်ဆောက် ပြုပြင်ရေး၊    ဖွံ့ဖြိုးရေးလုပ်ငန်းများ   ဦးတည်ပြီး ဆောင်ရွက်ကြသည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ် ရေးက တာဝါတိုင်များထောင်၊  ဖုန်းလိုင်းများ အပြီး ဆက်၍ဆွဲသည်။  လျှပ်စစ်အဖွဲ့က   ရခိုင်ပြည်နယ် အတွင်းရှိ မုန်တိုင်းဒဏ်ခံမြို့  တစ်မြို့ပြီး  တစ်မြို့၊ တစ်ရွာပြီး တစ်ရွာ၊  လျှပ်စစ်မီး ပြန်လည်ရရှိအောင် ဆောင်ရွက်သည်။ ပြတ်ကျသွားသည့်  မီးတိုင်များ နေရာတွင် မီးတိုင်အသစ်စိုက်သည်။ လျှပ်စစ်မီးကြိုး များ သွယ်တန်းသည်။ တစ်မြို့ပြီးတစ်မြို့၊ တစ်ရွာပြီး တစ်ရွာ မီးလင်းစေသည်။ တစ်နေ့တာတိုးတက်မှုကို ရခိုင်ပြည်နယ် သဘာဝဘေးအန္တရာယ်  စီမံခန့်ခွဲရေး အဖွဲ့ကို   အစီရင်ခံသည်။   ပြည်နယ်သဘာဝဘေး အန္တရာယ်    စီမံခန့်ခွဲရေးအဖွဲ့ကလည်း    ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယဝန်ကြီး ချုပ်ဦးဆောင်သည့်     အမျိုးသားသဘာဝဘေး အန္တရာယ် စီမံခန့်ခွဲရေးကော်မတီသို့ အစီရင်ခံတင်ပြ ရသည်။ ပြည်နယ်သဘာဝဘေးအန္တရာယ်   စီမံခန့် ခွဲရေးအဖွဲ့ အစည်းအဝေးက နေ့စဉ် မွန်းလွဲ ၃ နာရီ တွင်  ပြုလုပ်သည်။ အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးက ညနေ ၅ နာရီတွင်   ပြုလုပ်သည်။    ရောက်စက   အမျိုးသား သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးအဖွဲ့   အစည်း အဝေး နေ့တိုင်းနီးပါးလုပ်သည်။ စနေ/တနင်္ဂနွေပင် မနား။ နောက်ပိုင်းတွင်ကား တစ်ပတ်လျှင် သုံးကြိမ်၊ လေးကြိမ်ကတော့ ပုံမှန်ရှိတတ်သည်။
ဘကြီးအောင်တို့အဖွဲ့ ကိုယ့်ဝန်ကြီးဌာနအလုပ် ကိုယ်လုပ်ကြသည်။ သာသနာရေးနှင့်  ယဉ်ကျေးမှု ဝန်ကြီးဌာနက ဘုရား၊ စေတီ၊ ဘုန်းကြီးကျောင်း၊ သိမ်၊ ဇရပ်အပါအဝင် သာသနိကအဆောက်အအုံများ၊ ပြုပြင်ရန်၊    ပြင်ဆင်ရန်   ဆောင်ရွက်ရသည်။ ဤ  သာသနာရေးနှင့် ယဉ်ကျေးမှုအလုပ်၊ ပြုပြင်ပြင်ဆင် ရသည့် အလုပ်ကလည်း လွယ်မယောင်နှင့် ခက် သည်။ ဘုရား၊  စေတီများတွင် သက်ဆိုင်ရာ သံဃ နာယက အဖွဲ့ရှိသည်။ ပြင်ဆင်လိုမှုကို သံဃနာယက အဖွဲ့သို့ လျှောက်ရသည်။ ဂေါပကအဖွဲ့နှင့် ညှိနှိုင်း ရသည်။ မူရင်းဒါယကာ ဒါယိကာမများနှင့် ဆွေးနွေး  ရသည်။ သူတို့၏ သဘောတူညီချက်မရက ဘာမျှ လုပ်၍မရ။ ပြုပြင်မည့်သူက ပြုပြင်ရန်အသင့် ဖြစ်နေ သော်လည်း   စပါးပေါ်မှ   ထီးတော်တင်မည်ပြော သည်။   နွေပေါက်၍  ပွင့်လင်းရာသီရောက်မှ ဇရပ် ပြန်ပြီး မိုးမည်ပြောသည်။ သူတို့ဆန္ဒကို ဆန့်ကျင်၍ မရ။ ဂေါပကအဖွဲ့၏  ဆန္ဒက  အဓိကပါ။
ဆောက်လုပ်ရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီးက လမ်းများ၊ တံတားများ ပြင်ဆင်ရသည်။ မိုခါကြောင့် လှိုင်းပုတ်ပြီး ကမ်းနားလမ်း မြေထိန်းနံရံပြိုကျသည်။ တချို့နေရာတွင်  လမ်းတစ်ဝက်အထိပင်  စားသွား သည်။   မိုးဦးကျဖြစ်၍   လှိုင်းလေကထန်သည်။ နေ့တိုင်း လှိုင်းပုတ်သည့်ဒဏ်ကြောင့်  လမ်းကတစ်စ တစ်စ ပဲ့ကျသည်။ မိုးထဲရေထဲ  လူသားလုပ်အားဖြင့် စစ်တွေမြို့ ကမ်းနားလမ်းပြိုမကျရေး၊ ဆောင်ရွက်ရ သည်ကလည်း   ပြောရတာထက် လုပ်ရတာ  ခက်လှ သည်။ သည်ကြားထဲ စက်ယန္တရားပိုင်ဆိုင်သည့် ဌာနမို့ သစ်ပင်ရှင်းရာ အဆောက်အအုံဖျက်သိမ်းရာ တွင်   သူမပါလျှင် ဘယ်ဟာမှမပြီး။ အရေးပါအရာ ရောက်သည့် ဌာနကြီးတစ်ခုပင်။
ကိုယ့်ပြည်နယ်အရေးပေမို့
ပညာရေးဝန်ကြီးဌာန  ဒုတိယဝန်ကြီးကလည်း အတော့်ကို အလုပ်ရှုပ်သည်။ ကျောင်းပေါင်း ၁၅၃၈ ကျောင်း အမိုးလန်သည်။  ဗုန်းဗုန်းလဲပြိုကျသည်က ၃၉၃ လုံး၊ ဗုန်းဗုန်းလဲဟု  သူကမပြောစေလို။ တစ်ရာ ရာခိုင်နှုန်းပျက်စီးသည်ဟုသာ  သူက  ပြောစေချင် သည်။ စာရေးသူကတော့ ဒေသသားတို့ပြောသည့် အတိုင်း ပြောပြခြင်းဖြစ်သည်။ မိုခါမုန်တိုင်းတိုက် တာက မေလ ၁၄ ရက်နေ့။ နိုင်ငံ့အကြီးအကဲရောက် တာက ၁၅ ရက်၊ ဇွန်လ ၁ ရက်နေ့ ကျောင်းတွေဖွင့် မည်။  ကျောင်းသားတွေ၊   တို့တိုင်းရင်းသားတွေ တစ်နိုင်ငံလုံးက    ကျောင်းသူ   ကျောင်းသားတွေ ကျောင်းတက်ချိန်မှာ သူတို့လည်းတက်စေချင်သည်။ ဒါကတော့  နိုင်ငံတော်အကြီးအကဲ၏  စေတနာ။ သည်တော့လည်း            ပညာရေးဒုတိယဝန်ကြီး  အားထည့်ရသည်။  နေ့မနား ညမအား ကြိုးစားရ သည်။ သူသာမက သယံဇာတနှင့် သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက လည်း လိုအပ်သည့် သစ်ခွဲသားမှန်သမျှ နောက်မကျ အောင် ဖြည့်ဆည်းပေးသည်။ ဝန်ကြီးဌာနအနေဖြင့် ယာယီသစ်ခွဲစင် ၁ဝ လုံးထောင်သည်။ ပုဂ္ဂလိက သစ်စက်  ၂၂ စက်ကို ညှိနှိုင်းသည်။   ဆွေးနွေးသည်။ အကူအညီတောင်းသည်။ ကိုယ့်ပြည်နယ်အရေးပေ မို့ ပုဂ္ဂလိက သစ်စက်များကလည်း ကူညီသည်။
သည်သို့ဖြင့်   စုပေါင်းအားသည်   အရာရာကို အောင်နိုင်သည်မှာ ယုံမှားသံသယရှိဖွယ် မဟုတ်ပါ။   “တကယ်ဖြစ်ချင် တကယ်လုပ်တော့ အဟုတ်ဖြစ်ခဲ့ ပါပြီ။”  စာသင်ကျောင်း  ၁၂၆၇  ကျောင်း   အားလုံး ပြင်ဆင်ပြီး ဖြစ်ခဲ့သည်။ ဇွန် ၁ ရက် ကျောင်းဖွင့်နိုင်ရန် ယာယီကျောင်းဆောင်   ၁၄၄ လုံး ထပ်မံဆောက်ခဲ့ရ သည်။ တချို့ကျောင်းများ  နှစ်ချိန်ခွဲ၍  တက်စေခြင်း ဖြင့်   ရခိုင်ပြည်နယ်မှ      ကျောင်းသူ ကျောင်းသားများ ပညာရေးမနှောင့်နှေးစေရ။ အားလုံး ဇွန်လ ၁ ရက် ကျောင်းဖွင့်ချိန်မှာ စိတ်အေးချမ်းသာ ကျောင်းတက် နိုင်ကြပါသည်။   ဘကြီးအောင်တို့အဖွဲ့  ဇူလိုင် ၂၁ ရက် စစ်တွေမှ ပြန်လာချိန်တွင်  ၁၂၆၇  ကျောင်း အားလုံးပြီးစီးပြီ၊ ကျောင်း ၂၇ဝ က လက်စသတ်ရန် အနည်းငယ်စီသာကျန်ပါသည်။  တစ်ကျောင်းသာ  နေရာရွေးနေ၍ ကျန်ရှိပါသည်။ သည်ကျောင်းများ ဆောက်လုပ်ရန်အတွက်  နိုင်ငံတော်မှ   သစ်တန် တစ်ထောင်ကျော် ပေးလှူခဲ့ပါသည်။   သွပ်အချပ်ကား မရေတွက်နိုင်ပါ။ အိမ်ရိုက်သံဖိုးနှင့် လုပ်အားခများ ကလည်း ပညာရေးဝန်ကြီးဌာန၏ ငွေစာရင်းမှသာ ကျခံရခြင်းဖြစ်ပါသည်။


ထိုင်မနေကြပါ
ဘကြီးအောင်တို့ ဒုတိယဝန်ကြီးအဖွဲ့ စစ်တွေ တစ်မြို့တည်းတွင် ထိုင်မနေကြပါ။ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်၏ စီစဉ်ပေးမှုဖြင့်  မင်းပြား၊   မြောက်ဦး၊ ကျောက်တော်၊    ပုဏ္ဏားကျွန်းမြို့များသို့လည်း ရောက်ခဲ့သည်။ ဘကြီးအောင်ကိုတော့ အမျိုးသား သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌ က  သားငါးမွေးမြူရေး     ဖွံ့ဖြိုးတိုးတက်စေရန် မိုခါမုန်တိုင်းဒဏ် မခံစားရသည့် တောင်ပိုင်းမြို့နယ် များသို့ စည်းရုံးအကောင်အထည်ဖော်ရန်  စေလွှတ် သည်။ သို့ဖြစ်၍ ဘကြီးအောင် ပြည်နယ်စီးပွားရေးရာဝန်ကြီးနှင့်အတူ သံတွဲ၊ တောင်ကုတ်နှင့် ဂွမြို့နယ်  များသို့ သွားခဲ့သည်။ ဒေသခံမွေးမြူရေး လုပ်ငန်းရှင် များနှင့် တွေ့ဆုံ၍ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးချဲ့လုပ်ဆောင်ရန်   ဆွေးနွေးသည်။   မြန်မာ တစ်ပြည်လုံးနီးပါး မြေရှိလျှင် အနည်းဆုံး နှစ်သီးစိုက် သည်။     သည်တော့     နှစ်ကြိမ်ဝင်ငွေရသည်။ နေပြည်တော်က တောင်သူများဆိုလျှင်  သုံးသီးပင် စိုက်၍ သုံးကြိမ်ဝင်ငွေရနေသည်။ သို့ဖြစ်၍ ရခိုင်က အမျိုးတွေကို   နေပြည်တော်ကောင်စီနယ်မြေက တောင်သူတွေလို ဝင်ငွေတိုးစေလိုသည်။ ချမ်းသာစေ  လိုသည်။ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းသည် တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ပြီး လူမှုစီးပွားရေးဘဝ  ဖွံ့ဖြိုးတိုးတက်အောင်လုပ်ကြပါ။ လိုအပ်တာ အကူအညီပေးပါမည်ဟု  ဘကြီးအောင် ပြောခဲ့သည်။
တက်ရောက်လာခဲ့ကြသည့် စိုက်ပျိုးရေးသမား၊ မွေးမြူရေးသမားများ  အားတက်သရော  တင်ပြ သည်။ ဆွေးနွေးကြသည်။ ဘကြီးအောင်တို့အဖွဲ့နှင့် တောင်သူလယ်သမား၊ မွေးမြူရေးသမားများ ပွင့်ပွင့် လင်းလင်း ရင်းရင်းနှီးနှီး။ ခွဲခွာနေရာမှ ပြန်လည်ဆုံ တွေ့ကြသည့် မိသားစုများပမာ။ အားပါးတရရှိလှ သည်။ ဘကြီးအောင်က သာသာထိုးထိုးပြောလိုက် သေးသည်။ မိမိတို့ မြန်မာနိုင်ငံတွင် ရခိုင်ပြည်နယ် သည် ပင်လယ်နှင့်ဆက်စပ်နေသည့် ကမ်းရိုးတန်း ဒေသ။  အလားတူ   တနင်္သာရီတိုင်းဒေသကြီးသည် လည်း ပင်လယ်နှင့် ဆက်စပ်နေသည့်  ကမ်းရိုးတန်း ဒေသ။ သို့သော်လည်း တနင်္သာရီတိုင်းဒေသကြီးသည် ပိုမိုတိုးတက်သည်၊ ချမ်းသာသည်ဟု ဘကြီးအောင် ထင်သည်။ ရေလုပ်ငန်းစနစ်တကျဆောင်ရွက်ခြင်း ကြောင့်၊ အအေးခန်းစက်ရုံများ  တည်ထောင်ခြင်း ကြောင့် ချမ်းသာသည်။ သို့ဖြစ်၍ ရခိုင်ပြည်နယ်ကို လည်း တနင်္သာရီတိုင်းဒေသကြီးလို ချမ်းသာစေလို သည်။ တနင်္သာရီတိုင်းဒေသကြီးသို့  သွားရောက် လေ့လာ  လည်ပတ်လိုလျှင် ပြည်နယ်အစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့တို့   ချိတ်ဆက်ဆောင် ရွက်ပါ။ ဘကြီးအောင်က အခမဲ့လိုက်ပါကူညီဆောင် ရွက်ပေးလိုသည်ဟုပင် ဆန္ဒပြုခဲ့သည်။
ဝန်ကြီးဌာနများမှ        ဒုတိယဝန်ကြီးများ၏  လုပ်ဆောင်ချက်ကို   ဆက်လက်တင်ပြလိုပါသည်။ မှတ်မှတ်ရရ     ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကြီးနှင့်  ဘကြီးအောင်တို့အဖွဲ့        မြောက်ဦးခရီးစဉ်တွင် ကျောက်တော်မြို့နယ်သို့ ရောက်သည့်အခါ ထုံးစံ အတိုင်း   မြို့နယ်ခန်းမတွင်    မြို့ခံလူထု၊  ရပ်မိရပ်ဖ၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးသမားများနှင့် တွေ့ဆုံပွဲ လုပ်သည်။   ခန်းမအတွင်း   နေရာယူသည့်အခါ ရှေ့တန်းထိုင်ခုံများတွင်             ဝန်ကြီးဌာနအလိုက် စာတန်းကပ်ထားသည်။   နာမည်တိုနှင့်ဖြစ်သည်။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနဆိုလျှင် ပို့ဆက်၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဆိုလျှင်   သာယဉ်၊  စိုက်ပျိုးရေး၊  မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနဆိုလျှင်    စိုက်မွေးဆည်။ သည်နေရာမှာ   ဘကြီးအောင်တို့   နေရာအသီးသီး ယူပြီးချိန်တွင်  သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး နေရာရှာ မရသေး။ ခုံမှာကပ်ထားသည့်စာတွေဖတ်ရင်း နေရာ ရှာနေတုန်း။ သည်အချိန်တွင် နေရာချထားပေးသည့် ဧည့်ကြိုမိန်းကလေးက “အဘက  ပတ်ထိန်းကလား” အဘနေရာ ဒီမှာရှင့်ဟု ပြောလာသည်။ သည်တော့ ကာယကံရှင် ဒုတိယဝန်ကြီးရော၊ ကျွန်တော်တို့အဖွဲ့ ပါ မပြုံးဘဲနှင့်  ဝါးလုံးကွဲ မရယ်မိအောင် ကြိုးစားရင်း ပြုံးရုံသာ ပြုံးနေလိုက်မိပါသည်။
သည်ခရီးစဉ်တွင်ပါဝင်သည့်       ဒုတိယဝန်ကြီး ရှစ်ယောက်အနက်   ကျန်နှစ်ယောက်မှာ   လူမှု ဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန(လူကယ်ပြန်) ဒုတိယဝန်ကြီးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန (စိုက်မွေးဆည်) ဒုတိယဝန်ကြီး  ဘကြီးအောင်တို့ ဖြစ်ပါသည်။   လူကယ်ပြန်    ဒုတိယဝန်ကြီးက အမျိုးသားသဘာဝဘေးအန္တရာယ်     စီမံခန့်ခွဲရေး ကော်မတီ၏ အတွင်းရေးမှူးတာဝန် ယူထားသူပီပီ၊ သူ့အလုပ်သူလုပ်သည်။  အေးဆေးတည်ငြိမ်သည်။ စကားသိပ်မပြော။ ပြောလိုက်ရင်လည်း ထိထိမိမိ။ ဘကြီးအောင်က စိုက်မွေးဆည်ဆိုတော့ အလုပ်ရှုပ် သည်။ တိုင်းပြည်လူဦးရေ၏  ၇ဝ ရာခိုင်နှုန်းသည် တောအရပ်ဒေသမှာ  နေကြသည်။ စိုက်ပျိုးရေးနှင့်  မွေးမြူရေးကို အဓိကထားပြီး အလုပ်လုပ်ကြသည်။ သည်လူတွေ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှ နိုင်ငံ့စီးပွား ရေးဖွံ့ဖြိုးတိုးတက်မည်။ အသေးစား၊ အငယ်စားနှင့် အလတ်စားလုပ်ငန်းများသည်    စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များအပေါ်တွင်    မူတည်နေ သည်။ သည်တော့ပါးစပ်ရှိက   အစာစားများမည်။ အစာစားဖို့ စိုက်ရမည်။   မွေးရမည်။   ကမ္ဘာဦးအစ လူသားများ စတင်စကတည်းက စိုက်ရသည်။ မွေးရ သည်။    စက်မှုလက်မှုတို့၊    ပညာရေးတို့ဆိုတာ နောက်မှ     ဖြစ်တည်တိုးတက်လာခဲ့ကြခြင်းဖြစ် သည်။  သို့ဖြစ်၍  စိုက်ပျိုးရေးနှင့်   မွေးမြူရေးက ရပ်ထား၍ မရ။  တားထား၍ မရ။  ကိုဗစ်ကပ်ရောဂါ ဖြစ်ပွားတုန်းကလည်း  ရပ်မနေ။  ကပ်ရောဂါဖြစ်၍ ဘယ်သူမျှ   အစာမစားဘဲ ပါးစပ်ပိတ်၍ မနေကြ။ စားကြသည်။  သောက်ကြသည်။  သည်တော့ စိုက်ရ မည်၊ မွေးရမည်။
မိုခါမုန်တိုင်း မညှာမတာနှိပ်စက်
ယခုလည်း   မိုခါမုန်တိုင်း မညှာမတာ နှိပ်စက် သွားသည်။ ရခိုင်ပြည်နယ်တွင် စစ်တွေမြို့ အပါအဝင် မြို့နယ်အချို့  ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပွားရသည်။ သို့သော် နိုင်ငံတော်အကြီးအကဲ ဦးဆောင်၍ ပြည်သူ တစ်ရပ်လုံး ဓညဝတီ   ရခိုင်ပြည်ကြီးကို ပြန်လည် တည်ဆောက်နေသည်။ “မိုခါကို အန်တု စံပြုထိုက် သည့် ပြည်သူများ”တွင် ဘကြီးအောင်လည်း ပါဝင် နေပြီ။ စစ်တွေကိုလာရ၍ ဘကြီးအောင် ဂုဏ်ယူမိ သည်။ ကျေနပ်သည်။ မြို့အပျက်အစီး ရှင်းလင်းရေး တွေ လုပ်သူကလုပ်။ ပြုပြင်တည်ဆောက်ရေးတွေလုပ်သူကလုပ်။   ဘကြီးအောင်က   စိုက်ပျိုးရေး အတွက်  အားထည့်သည်။ နိုင်ငံတော်မှ ပေးပို့သည့် မျိုးစပါး ၇၃၃၉၇ တင်း၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းနှင့်   နေပြည်တော်ကောင်စီနယ်မြေများမှ ပေးပို့လာသည်။   တပ်မတော်မော်တော်ယာဉ်တန်း ဖြင့် သယ်ဆောင်လာသည့်    သည်မျိုးစပါးများ အချိန်မီ   ရောက်ရှိရေး၊   လမ်းခရီးတွင်ရေမစိုရေး၊ တပ်မတော်သားများက     ဂရုစိုက်ဆောင်ရွက်ပေး သည်။ ဘကြီးအောင်တို့ စိုက်မွေးဆည်ဝန်ထမ်းများ က ယာဉ်တန်းတိုင်းတွင်      ကိုယ်စားလှယ်လိုက်ပါ ၍ အားဖြည့်ပေးခဲ့သည်။ ဘကြီးအောင်က   ပြည်နယ် စိုက်ပျိုးရေးဦးစီးမှူး၊    စက်မှုလယ်ယာဦးစီးမှူး၊ ဆည်မြောင်းဦးစီးမှူး၊ မြေစာရင်းဦးစီးမှူးတို့နှင့်အတူ မြေပြင်ဆင်ရေး၊     ထွန်ယက်ရေးစီမံကြသည်။ ဆောင်ရွက်ကြသည်။ မျိုးစပါးမရောက်မီ လယ်ထွန် စက်များ ကြိုပို့သည်။ ရခိုင်ပြည်နယ် စက်မှုလယ်ယာ ဦးစီးဌာနတွင်  မိုခါမဖြစ်ခင်က ထွန်စက်  ၃၇  စီးသာ ရှိခဲ့သည်။   မိုခါဖြစ်ပြီးနောက်   ဘကြီးအောင်တို့ ဝန်ကြီးဌာနက ၄၃ စီးထပ်ဖြည့်သဖြင့် ထွန်စက် အစီး ၈ဝ ဖြစ်လာသည်။
မမေ့နိုင်သည့် စကားတစ်ခွန်း
တောင်သူများကို    အခမဲ့   ငှားရမ်းရန် ထွန်စက် သေး ၁ဝ စီးနှင့် လက်တွန်းထွန်စက် ၁၄ စီး ဝန်ကြီး ဌာနမှ ထပ်မံပေးပို့လာသည်။ ထွန်စက်များ ရောက် လျှင်ရောက်ချင်းပင်         ဘကြီးအောင်ကိုယ်တိုင် ကြပ်မတ်၍  ထွန်စက်များကို   ပြင်ဆင်စေသည်။ အသင့်သုံးနိုင်သည့်အခါ ငှားရမ်းသည့်ကျေးရွာများမှ သင်တန်းသားများအား ခေါ်ယူ၍ ထွန်စက်ကိုင်တွယ် ထိန်းသိမ်းနည်းနှင့် မောင်းနှင်နည်းသင်တန်း သုံးရက် ပေးသည်။ မူလကတည်းက မောင်းနှင်မှုအခံရှိပြီးသူ များကို    မြို့နယ်မှ    ရွေးချယ်စေလွှတ်ပေးခြင်း ဖြစ်သဖြင့် သင်တန်းသားများ အတတ်မြန်သည်။ ထွန်စက်မောင်းနှင်     ကိုင်တွယ်ထိန်းသိမ်းခြင်း သင်တန်းဆင်းပွဲတွင်  ရခိုင်ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်၏စေတနာနှင့်  ထွန်စက်များ  အကျိုးရှိရှိ အသုံးပြုရေး၊ တစ်ဦးနှင့်တစ်ဦး ကူညီဆောင်ရွက် ရေး၊ အချိန်မီစိုက်ပျိုးနိုင်စေရန် ထွန်ယက်ကြရေး မှာကြားသည်။ ဘကြီးအောင်ကတော့  မမေ့နိုင်သည့် စကားတစ်ခွန်းပြောဖြစ်သည်။    “ခင်ဗျားတို့ကို ဒီလောက်တန်ဖိုးရှိတဲ့ ပစ္စည်း ခင်ဗျားတို့ယောက္ခမက အလကားပေးဖူးလား” ဒီတော့ နိုင်ငံတော်ကငှားပေး တဲ့ ဒီထွန်စက်ကို အကျိုးရှိရှိသုံးကြပါ”ဟု ပြောရင်း စကားကို နိဂုံးချုပ်ခဲ့သည်။ ဘကြီးအောင် နိဂုံးချုပ် အပြီး ပုဏ္ဏားကျွန်းက ကျော့သာမောင်က ထ၍ပြော သည်။ “ကျွန်တော်တို့ယောက္ခမက   ငှားမပေးပေ မယ့်၊  အဖေရင်းဖြစ်တဲ့ နိုင်ငံတော်အကြီးအကဲက ငှားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်ဗျာ။”
ကျော့သာမောင် စကားအဆုံးတွင် တက်ရောက် လာသူအားလုံး         လက်ခုပ်တစ်ပြိုင်နက်တီး၍ သင်တန်းဆင်းပွဲနှင့် ထွန်စက်လွှဲပြောင်းပေးအပ်ပွဲ နိဂုံးချုပ်ခဲ့သည်။
နောက်ပြန်ပက်လို့ တင်း ၆ဝ ထွက်တဲ့စပါး
သည်ရက်တွေမှစ၍  နေ့စဉ်ထွန်ယက်ပြီးစီးမှုကို အမျိုးသားသဘာဝဘေးအန္တရာယ်     စီမံခန့်ခွဲမှု ကော်မတီအစည်းအဝေးသို့ တင်ပြရသည်။ သည် အချိန်မှာပင် မျိုးစပါးများ ရခိုင်ပြည်နယ်သို့ ရောက်ရှိ လာပြီ၊   ပေါ်ဆန်းရင်၊  နှံကောက်၊  GW-11 နှင့် ဆင်းသွယ်လတ်တို့ဖြစ်သည်။    နှံကောက်မှလွဲ၍ ကျန်စပါးသုံးမျိုး   ရခိုင်ပြည်နယ်တွင်  စိုက်ပျိုးဖူး ကြသည်။ သို့သော် လည်း စတင်ပျိုးထောင်သည်မှစ၍ အလေအလွင့်မရှိရေး  ပညာပေးရသည်။  လက်တွေ့ သရုပ်ပြရသည်။   ပြီးတော့   ကြဲခင်းနှင့်   စိုက်ခင်း အထွက်နှုန်းကွာခြားချက်ကို  ရှင်းလင်းဆွေးနွေးရ သည်။   “ငါတို့ မျိုးစပါးနှင့်    မြေကကောင်းတော့ အခုလိုနောက်ပြန်ပက်ရင်တောင် တစ်ဧက  (၄-၅-၆ဝ)တော့ အေးအေးဆေးဆေး ထွက်ပါတယ်ကွာ” တောင်သူလယ်သမားကြီးများက     ပြောသည်။ သည်တော့ ဘကြီးအောင်တို့ စိုက်မွေးဆည်ဝန်ထမ်း တွေက နောက်ပြန်ပက်လို့ တင်း ၆ဝ ထွက်တဲ့ စပါး ကို တစ်ဧကကောက်ကွက် (၁၂ဝဝဝဝ- ၁၅ဝဝဝဝ)ပြည့်အောင် စိုက်ရင် တင်း  ၁ဝဝ  ကျော်ထွက်မယ်။ ပင်ပန်းတာခြင်းအတူတူ  စနစ်တကျ အတန်းလိုက် စိုက်၊ ကောက်ကွက်ပြည့်မီအောင်စိုက်ရင် ဝင်ငွေ နှစ်ဆနီးပါး  တိုးလာမယ်။ ဝင်ငွေတိုးပြီး မရချင်ဘူး လား။ ချစ်လို့ယူထားတဲ့မိန်းမ စိန်နားကပ် ဆင်မပေး ချင်ဘူးလား၊ ရင်းရင်းနှီးနှီးပြောသည်။ စည်းရုံးသည်။ သည်တော့    သူတို့နားဝင်သည်။  လက်ခံသည်။ ကောက်စိုက်ဖို့  လူငှားမရရင်  ကောက်စိုက်စက်နှင့် စိုက်ဖို့၊  စစ်တွေပျားလည်ချောင်ရွာမှာ လက်တွေ့ သရုပ်ပြသည်။  တောင်သူလယ်သမားကြီးများ စိတ်ဝင်စားသည်။       ကောက်စိုက်စက်ဝယ်ရင် ဘယ်လောက်လဲ၊  ငှားရင်ဘယ်လောက်လဲ  မေးကြ သည်။ ဈေးနှုန်းသိတော့   ချင့်ချိန်နေကြသည်။ ရခိုင် ပြည်နယ်မှ    တောင်သူလယ်သမားဆွေမျိုးများ ခေတ်မီနည်းစနစ်ဖြင့်  မျိုးကောင်းမျိုးသန့်  စပါး မျိုးများ စိုက်ပျိုးရန် စိတ်အားထက်သန်လာကြပြီ။ ထွန်ယက်ပြီးသူအချို့      စတင်ပျိုးထောင်ပြီ။ ဘကြီးအောင်တို့   စိုက်မွေးဆည်အဖွဲ့  မမောတမ်း ကူညီနေကြပြီ။
တဖြည်းဖြည်း ထွန်ယက်ဧက၊ စိုက်ဧကများ တရိပ်ရိပ်တက်လာသည်။   ညနေဖက်   အမျိုးသား သဘာဝဘေးအန္တရာယ်       စီမံခန့်ခွဲရေးကော်မတီ အစည်းအဝေးတွင်   ပြီးစီးမှုများအား တင်ပြရန် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ကြီး တက်ကြွနေသည်။
သည်အချိန်တွင်ပင် ဘကြီးအောင်တို့  ဒုတိယ ဝန်ကြီးအဖွဲ့   နေပြည်တော်၌   ပြန်လည်တာဝန် ထမ်းဆောင်ရန် သတင်းရောက်လာသည်။
၂ဝ၂၃ ခုနှစ်၊ ဇူလိုင်လ (၂၁)ရက်
မည်သည့်နေရာက       သတင်းရသည်မသိ၊ ကျောင်းဆရာ ဆရာမများ၊   ဌာနဆိုင်ရာဝန်ထမ်း များ၊ တောင်သူလယ်သမားကြီးများ စစ်တွေလေဆိပ် တွင် ဘကြီးအောင်တို့အဖွဲ့ကို လာ၍ နှုတ်ဆက်ကြ သည်။
ဘကြီးအောင်တို့အဖွဲ့ မိမိတို့ စစ်တွေတွင် နေခဲ့ ရသည့်ရက်အတွင်း တာဝန်ထမ်းဆောင်ခဲ့မှုများကို ကျေနပ်စွာ   ပီတိဖြစ်ရင်း    လက်ဝှေ့ယမ်းနှုတ်ဆက် လိုက်သည်။
“သာလီစွပါ  ဓညဝတီ” ။      ။