သာကေတမြို့နယ်တွင် သတင်းမီဒီယာဆိုင်ရာ အသိပညာပေးဟောပြော

 

ရန်ကုန်  နိုဝင်ဘာ  ၄


ကျောင်းသားလူငယ်များ  သတင်းအမှား သတင်းအမှန်ခွဲခြားသုံးသပ် နိုင်ရေးနှင့်  အနာဂတ်ကာလအတွက် ထူးချွန်သောမျိုးဆက်သစ်လူငယ် များ   ဖြစ်လာစေရေးနှင့် နိုင်ငံချစ်စိတ်မြင့်မားရေးတို့အတွက် ပညာရေး ဝန်ကြီးဌာနနှင့်   မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီတို့   ပူးပေါင်း ဆောင်ရွက်သည့် အသိပညာပေးဟောပြောပွဲများကို အ.ထ.က (၁) သာကေတတွင် ၁-၁၁-၂၀၂၂ နေ့၌  လည်းကောင်း၊  အ.ထ.က   (၂) သာကေတတွင် ၂-၁၁-၂၀၂၂ နေ့၌   လည်းကောင်း၊ အ.ထ.က (၃) သာကေတတွင်      ၃-၁၁-၂၀၂၂    နေ့၌လည်းကောင်း     ကျင်းပ သည်။

 


အဆိုပါ  အသိပညာပေးဟောပြောပွဲများသို့   မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီမှ   ဦးအုန်းမောင်  (မြင်းမူမောင်နိုင်မိုး)၊   ဦးမျိုးထွန်း (မောင်စိမ်းနောင်-လယ်ဝေး)၊ ဦးအောင်ပြည့်စုံ (အောင်ပြည့်စုံ)၊ ဦးသက် နိုင်ဦး၊ ဒေါ်မြင့်မြင့်သိန်း (တက္ကသိုလ်မြမဉ္ဇူ) နှင့်  ဦးနေလင်း   (မောင်ချို ဝေ) တို့က  ဆွေးနွေးဟောပြောခဲ့ကြပြီး   ကျောင်းသား    ကျောင်းသူ စုစုပေါင်း    ၈၅၀   ကျော်ခန့်     တက်ရောက်နားထောင်ကြသည်။

 


ထို့နောက်  သတင်းမီဒီယာကောင်စီဥက္ကဋ္ဌက   သတင်းမီဒီယာဆိုင်ရာ နှင့်    အခြားစာပေဗဟုသုတဖြစ်ဖွယ်  သိမှတ်ဖွယ်ရာစာအုပ်များကို အမှတ်တရလက်ဆောင်အဖြစ်ပေးအပ်ရာ သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီးများက  လက်ခံရယူပြီး ကျေးဇူးတင်စကားများ ပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။


သတင်းစဉ်