သွားဘက်ဆိုင်ရာဆေးတက္ကသိုလ် - မန္တလေး မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကျင်းပ

 

မန္တလေး   ဖေဖော်ဝါရီ  ၁၆


သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေး ပထမနှစ် (၁၁/၂၀၂၂) သင်တန်း ကျောင်းသား ကျောင်းသူများ ၏  မောင်မယ်သစ်လွင်ကြိုဆိုပွဲ  အခမ်းအနားကို  ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၉ နာရီက အဆိုပါ  တက္ကသိုလ် ဇမ္ဗူရစ်ရွှေစင်ခန်းမ၌ ကျင်းပသည်။

 


အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးမျိုးအောင်နှင့် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဆေးနှင့်ဆေးနှီးနွှယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊   သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ပါမောက္ခချုပ်နှင့် ပါမောက္ခ ဌာနမှူး များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ တက်ရောက်ကြသည်။ 

 


အခမ်းအနားမစတင်မီ တိုင်းဒေသကြီး ဝန်ကြီး ချုပ်နှင့်   တိုင်းဒေသကြီး   ဝန်ကြီးများသည် ပါမောက္ခ ချုပ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ ဆရာမ များ၊ ကျောင်းသား ကျောင်းသူများနှင့် နံနက်စာကို အတူတကွ သုံးဆောင်ကြသည်။
အခမ်းအနားတွင်   ပထမနှစ်   ကျောင်းသား ကျောင်းသူများက တိုင်းရင်းသားအကများ၊ တေးသီချင်း သရုပ်ဖော်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်-မန္တလေး၏ Bright Smile တေးဂီတအဖွဲ့မှ Unplugged ဖြင့် သီဆိုဖျော်ဖြေမှုများ၊ ပြုံးအလှပိုင်ရှင်ရွေးချယ် ခြင်းများ၊ King & Queen ရွေးချယ်ခြင်းများ ပြုလုပ် ခဲ့သည်။

 


ထို့နောက်    တိုင်းဒေသကြီး    ဝန်ကြီးချုပ်က  ပြည်ထောင်စုနေ့ စာစီစာကုံးပြိုင်ပွဲတွင် ဆုရသူများနှင့် ငြိမ်းချမ်းရေးစကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့သူအား ဆုချီးမြှင့်ပြီး သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်- မန္တလေးသို့ အလှူငွေကျပ် ၁၅၀၀၀၀၀ ပေးအပ် ခဲ့ကြောင်း သိရသည်။


သတင်းစဉ်