ရုရှားသမ္မတနိုင်ငံက မြန်မာနိုင်ငံသို့ လှူဒါန်းသည့် Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေးများ လွှဲပြောင်းလက်ခံခြင်းအခမ်းအနား ကျင်းပ

ရန်ကုန်   ဇန်နဝါရီ   ၁၃


ရုရှားသမ္မတနိုင်ငံက မြန်မာနိုင်ငံသို့လှူဒါန်းသော Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး  လေးသိန်း Doses အား လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ အရေးကြီးပုဂ္ဂိုလ်များဧည့်ခန်းမဆောင်တွင်ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသမ္မတနိုင်ငံ သံအမတ်ကြီး  H.E.Dr. Nikolay Listopadov တို့ တက်ရောက်ကြသည်။                                                                                                        


အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီးက ကာကွယ်ဆေးများအား ရုရှား-မြန်မာ နှစ်နိုင်ငံ  ချစ်ကြည်ရေးအထိမ်းအမှတ်နှင့် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေးလုပ်ငန်းစဉ် များတွင်     အထောက်အကူဖြစ်စေရန်အတွက် ကာကွယ်ဆေးများ   လှူဒါန်းရခြင်းဖြစ်ပါကြောင်း၊ ရှေ့ဆက်၍ ရုရှား-မြန်မာ ချစ်ကြည်ရင်းနှီးစွာဖြင့် ကပ်ရောဂါတိုက်ဖျက်ရေးလုပ်ငန်းများ       ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။


ဆက်လက်၍     ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်စကားပြောကြားရာတွင်   ကိုဗစ်-၁၉ ကပ်ရောဂါကြောင့်   ပြည်သူလူထုအနေဖြင့်  လူမှု စီးပွားရေးလုပ်ငန်းများတွင် ထိခိုက်မှုများ ကြုံတွေ့ ခဲ့ရပါကြောင်း၊   မြန်မာနိုင်ငံအနေဖြင့်   ကိုဗစ်-၁၉ တတိယလှိုင်းအား နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ ၏      ဦးဆောင်မှု၊     ကျန်းမာရေးဝန်ထမ်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများဖြင့်    အချိန်တိုအတွင်း ထိန်းချုပ်နိုင်ခဲ့ပါကြောင်း၊ နောက်ထပ်ပေါ်ပေါက်လာ မည့် ကိုဗစ်လှိုင်းများအား  ထိန်းချုပ်နိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးသည်    အရေးကြီးသော အခန်းကဏ္ဍမှ  ပါဝင်ပါကြောင်း၊  ယနေ့ ရုရှားနိုင်ငံက ချစ်ကြည်ရေးအထိမ်းအမှတ်အဖြစ် လှူဒါန်းသော Sputnik Light  ကိုဗစ်-၁၉ ကာကွယ်ဆေးများသည် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ်ရေး တွင်    များစွာအထောက်အကူပြုနိုင်မည်ဖြစ်ပါ ကြောင်း၊ ယနေ့ ကျင်းပသည့်  အခမ်းအနားသည် သမိုင်းဝင်အခမ်းအနားဖြစ်ပြီး      ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံ၏    ချစ်ကြည်ရင်းနှီးမှုကို   အနာဂတ် မျိုးဆက်သစ်များအနေဖြင့်     သိရှိနိုင်မည်ဖြစ်ပါ ကြောင်း၊ ဆက်လက်၍ မြန်မာ-ရုရှား နှစ်နိုင်ငံချစ်ကြည် ရင်းနှီးစွာဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါတိုက်ဖျက်ရေး လုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း ပြောကြားသည်။


ထို့နောက် ရုရှားသမ္မတနိုင်ငံက လှူဒါန်းသည့် Sputnik Light ကာကွယ်ဆေးများ လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာအား  ပြည်ထောင်စုဝန်ကြီးက   မြန်မာနိုင်ငံဆိုင်ရာ   ရုရှားသမ္မတနိုင်ငံ သံအမတ်ကြီးထံ ပေးအပ်၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။


ဆက်လက်၍    နှစ်နိုင်ငံကျန်းမာရေးကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေး ချစ်ကြည်ရင်းနှီးစွာဆွေးနွေးကြသည်။ ရုရှားနိုင်ငံက ထုတ်လုပ်သည့် Sputnik Light ကာကွယ်ဆေးများ သည် လူတစ်ဦးလျှင်   တစ်ကြိမ်သာ  ထိုးနှံပေးရန် လိုအပ်ပြီး မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံမှု ပိုမိုလျင်မြန်စွာ လွှမ်းခြုံနိုင်ရေးအတွက် များစွာအထောက်အကူပြုမည်ဖြစ်သည်။ ရုရှားနိုင်ငံ က  လှူဒါန်းသည့် ကာကွယ်ဆေး လေးသိန်း Doses သည် ယနေ့တွင် ရောက်ရှိပြီး  ဝယ်ယူထားသည့် ကာကွယ်ဆေးခြောက်သိန်း Doses သည် ဇန်နဝါရီ   ၁၆ ရက်တွင်  ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။


ကာကွယ်ဆေးများ   လွှဲပြောင်းလက်ခံသည့် အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန်ရှိ သူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသမ္မတနိုင်ငံသံရုံးမှ ကိုယ်စားလှယ်များ၊    နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့်   ကုသရေးဦးစီးဌာနမှ  တာဝန်ရှိ ပုဂ္ဂိုလ်များ တက်ရောက်ကြသည်။      

 သတင်းစဉ်