
ရန်ကုန် ဇန်နဝါရီ ၁၃
ရုရှားသမ္မတနိုင်ငံက မြန်မာနိုင်ငံသို့ လှူဒါန်းသော Spuntnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး လေးသိန်း Doses အား လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ရှိ အရေးကြီးပုဂ္ဂိုလ်များ ဧည့်ခန်းမဆောင်တွင်ကျင်းပရာ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်းနှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားသမ္မတနိုင်ငံ သံအမတ်ကြီး H.E Dr. Nikolay Listopadov တို့ တက်ရောက်ကြသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားနိုင်ငံ သံအမတ်ကြီး က ကာကွယ်ဆေးများအား ရုရှား-မြန်မာ နှစ်နိုင်ငံ ချစ်ကြည် ရေး အထိမ်းအမှတ်နှင့် မြန်မာ နိုင်ငံ၏ ကိုဗစ်-၁၉ တိုက်ဖျက်ရေး လုပ်ငန်းစဉ်များတွင် အထောက် အကူဖြစ်စေရန်အတွက် ကာကွယ် ဆေးများ လှူဒါန်းရခြင်း ဖြစ်ပါ ကြောင်း၊ ရှေ့ဆက်၍ ရုရှား-မြန်မာ ချစ်ကြည်ရင်းနှီးစွာဖြင့် ကပ်ရောဂါ တိုက်ဖျက်ရေးလုပ်ငန်း များအား ပူးပေါင်းလုပ်ဆောင် သွားမည်ဖြစ်ပါကြောင်း ပြော ကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးက ကျေးဇူးတင်စကား ပြောကြားရာတွင် ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ပြည်သူလူထု အနေဖြင့် လူမှုစီးပွားရေးလုပ်ငန်း များတွင် ထိခိုက်မှုများ ကြုံတွေ့ ခဲ့ရပါကြောင်း၊ မြန်မာနိုင်ငံအနေ ဖြင့် ကိုဗစ်-၁၉ တတိယလှိုင်းအား နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်မှု၊ ကျန်းမာ ရေး ဝန်ထမ်းများ၏ ကြိုးပမ်း ဆောင်ရွက်မှုများဖြင့် အချိန်တို အတွင်း ထိန်းချုပ်နိုင်ခဲ့ပါကြောင်း၊ နောက်ထပ် ပေါ်ပေါက်လာမည့် ကိုဗစ်လှိုင်းများအား ထိန်းချုပ် နိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးသည် အရေးကြီး သော အခန်းကဏ္ဍမှ ပါဝင်ပါ ကြောင်း၊ ယနေ့ ရုရှားနိုင်ငံမှ ချစ်ကြည်ရေး အထိမ်းအမှတ် အဖြစ် လှူဒါန်းသော Spuntnik Light ကိုဗစ်-၁၉ ကာကွယ် ဆေးများသည် မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ကပ်ရောဂါထိန်းချုပ် ရေးတွင် များစွာ အထောက်အကူ ပြုနိုင်မည်ဖြစ်ပါကြောင်း၊ ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနား သည် သမိုင်းဝင်အခမ်းအနား ဖြစ်ပြီး ရုရှားနိုင်ငံနှင့် မြန်မာ နိုင်ငံ၏ ချစ်ကြည်ရင်းနှီးမှုကို အနာဂတ် မျိုးဆက်သစ်များအနေ ဖြင့် သိရှိနိုင်မည်ဖြစ်ပါကြောင်း၊ ဆက်လက်၍ မြန်မာ-ရုရှား နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးစွာဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါ တိုက်ဖျက် ရေးလုပ်ငန်းများအား ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ပြောကြားသည်။
ထို့နောက် ရုရှားသမ္မတနိုင်ငံ က လှူဒါန်းသည့် Spuntnik Light ကာကွယ်ဆေးများ လှူဒါန်းမှု အတွက် ဂုဏ်ပြုမှတ်တမ်းလွှာ အား ပြည်ထောင်စုဝန်ကြီးက ရုရှားသမ္မတနိုင်ငံ သံအမတ်ကြီး ထံပေးအပ်၍ အခမ်းအနားအား ရုပ်သိမ်းလိုက်သည်။
ဆက်လက်၍ နှစ်နိုင်ငံ ကျန်းမာရေးကဏ္ဍ ပူးပေါင်း ဆောင်ရွက်မှုများ တိုးမြှင့်လုပ် ဆောင်နိုင်ရေး ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးကြသည်။ ရုရှားနိုင်ငံက ထုတ်လုပ်သည့် Spuntnik Light ကာကွယ်ဆေးများသည် လူတစ်ဦးလျှင် တစ်ကြိမ်သာ ထိုးနှံပေးရန် လိုအပ်ပြီး မြန်မာ နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ပိုမိုလျင်မြန် စွာ လွှမ်းခြုံနိုင်ရေးအတွက် များစွာ အထောက်အကူပြုမည်ဖြစ်သည်။ ရုရှားနိုင်ငံမှ လှူဒါန်းသည့် ကာကွယ်ဆေး လေးသိန်း Doses သည် ယနေ့တွင် ရောက်ရှိပြီး ဝယ်ယူထားသည့် ကာကွယ်ဆေး ခြောက်သိန်း Doses သည် ဇန်နဝါရီ ၁၆ ရက်တွင် ရောက်ရှိမည်ဖြစ် ကြောင်း သိရသည်။
ကာကွယ်ဆေးများ လွှဲပြောင်း လက်ခံသည့် အခမ်းအနားသို့ ကျန်းမာရေးဝန်ကြီးဌာနမှ တာဝန် ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားသမ္မတနိုင်ငံသံရုံးမှ ကိုယ်စား လှယ်များ၊ နိုင်ငံခြားရေးဝန်ကြီး ဌာနမှတာဝန်ရှိသူများ၊ ရန်ကုန် တိုင်းဒေသကြီး ပြည်သူ့ကျန်းမာ ရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက် ခဲ့ကြသည်။
သတင်းစဉ်