ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အင်ဒိုနီးရှားသမ္မတ ယူကရိန်းအရေးနှင့် အစားအစာထောက်ပံ့ရေး ဆွေးနွေး

 

မော်စကို   ဇူလိုင်   ၁ 


ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မော်စကိုသို့ အလည်အပတ်ရောက်ရှိနေသော အင်ဒိုနီးရှားသမ္မတ   ဂျိုကိုဝီဒိုဒို တို့သည် ဇွန် ၃၀ ရက်က ယူကရိန်းတွင် ဖြစ်ပွားနေသော လက်ရှိအခြေအနေများနှင့် အစား အစာနှင့် ဓာတ်မြေသြဇာထောက်ပံ့ရေးကိစ္စရပ်များ ဆွေးနွေးခဲ့ကြသည်။ 

 


ကရင်မလင်တွင်    တွေ့ဆုံဆွေးနွေးပြီးနောက် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင်  ပူတင်က ဝီဒိုဒိုကို ယူကရိန်းအခြေအနေနှင့်ပတ်သက်ပြီး     အသေးစိတ်    အသိပေးပြောကြားခဲ့သည်။ 

 


ကမ္ဘာ့အစားအစာဈေးကွက်တွင် မညီမျှမှုများအကြောင်းပြောကြားရာတွင် တချို့အနောက်နိုင်ငံ များတွင်   ဖြစ်ပေါ်နေသည့်   နှစ်ပေါင်းများစွာကြာ တာဝန်မဲ့သည့် စီးပွားရေးမူဝါဒများကြောင့်     ယခုလို ပြဿနာများ    ဖြစ်ပွားသည်ဟု   မှတ်ယူကြောင်း ပူတင်က ပြောသည်။ 

 


ရုရှားသည်   လွန်ခဲ့သောနှစ်က   ဆန် (grain) တန်ချိန် ၄၃ သန်းကျော်တင်ပို့ခဲ့ကြောင်း၊ ၎င်းအနက် ဂျုံ တန်ချိန်    ၃၃ သန်း  ပါဝင်ကြောင်း   ပူတင်က ပြောသည်။ ထို့အပြင်  ရုရှားနိုင်ငံသည် ယခုနှစ်တွင် စိုက်ပျိုးမှုအခြေအနေ  ကောင်းမွန်နိုင်သောကြောင့်     ပိုမိုတင်ပို့သွားနိုင်မည်ဖြစ်ကြောင်း သိရသည်။ 

 


ရုရှားနိုင်ငံသည် လုံလောက်သောဓာတ်မြေသြဇာ များနှင့်   တခြားပစ္စည်းများကိုလည်း   အင်ဒိုနီးရှား နိုင်ငံနှင့်   တခြားမိတ်ဖက်နိုင်ငံများသို့    တင်ပို့ရန် အဆင်သင့်ရှိကြောင်း  ပူတင်က ပြောကြားလိုက်သည်။ 

 


မော်စကိုသို့    မသွားရောက်မီ    ကိယက်ဗ်သို့ သွားရောက်ခဲ့သော   ဝီဒိုဒိုက    ယူကရိန်းအကျပ် အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းဆောင်ရွက်ရေးနှင့် ဆိုင်သည့်    အခြေအနေများ   တိုးတက်ဖြစ်ထွန်းရန် ပြောကြားခဲ့သည်။    

                             
ဆင်ဟွာ