ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနှင့် အဆင့်မြင့်ဆွေးနွေးပွဲ လုပ်ဆောင်သွားရန် ဆန္ဒရှိသည်ဟု တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ပြောကြား

 

ပေကျင်း   ဖေဖော်ဝါရီ   ၂၅ 


ရုရှားသည်         ယူကရိန်းနှင့် အဆင့်မြင့်ဆွေးနွေးပွဲ လုပ်ဆောင် သွားရန်   ဆန္ဒရှိသည်ဟု   ရုရှား သမ္မတ        ဗလာဒီမာပူတင်က တရုတ်သမ္မတ       ရှီကျင့်ဖျင်ကို ပြောကြားလိုက်သည်။ 
ဖေဖော်ဝါရီ    ၂၅   ရက်က ခေါင်းဆောင်နှစ်ဦးတို့သည် ဖုန်း ဖြင့် ပြောဆိုခဲ့ကြသည်။ 

 


အမေရိကန်  ပြည်ထောင်စု  နှင့် မြောက်အတ္တလန္တိတ်စာချုပ် (နေတိုး)တို့သည် ရုရှား၏ လုံခြုံ ရေးဆိုင်ရာကိစ္စရပ်များ တရားဝင် ဖြစ်ခြင်းကို   အချိန်အတော်ကြာ လျစ်လျူရှုထားကြောင်းနှင့် ရုရှား အပေါ်ထားရှိသည့် ကတိကဝတ် များကိုလည်း မကြာခဏချိုးဖျက် ခဲ့ကြောင်း   ပူတင်က    ရှီကို ပြောကြားခဲ့သည်ဟု တရုတ်နိုင်ငံ ခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန် ကြေညာချက်တွင်    ဖော်ပြထား သည်။

 


ထို့အပြင်    ၎င်းတို့အနေဖြင့် အရှေ့ပိုင်းတွင်    တပ်ဖွဲ့ဝင်များ ဆက်လက် ဖြန့်ကြက်ချထားခြင်း သည် ရုရှား၏ မဟာဗျူဟာမြောက် ဖြတ်သန်းသွားလာခြင်း ကန့်သတ် ထားသည့်   အနီရောင်မျဉ်းကို    စိန်ခေါ်ခြင်းဖြစ်ကြောင်း အဆိုပါ ကြေညာချက်တွင်   ဆက်လက် ဖော်ပြထားသည်။
ပဋိပက္ခအရေးနှင့် ပတ်သက် ပြီး ရုရှားနှင့် ယူကရိန်းတို့ ညှိနှိုင်း အဖြေရှာနိုင်ရန် ကူညီပံ့ပိုးပေးသွား မည်ဖြစ်ကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောကြားခဲ့သည်ဟု ဝန်ကြီးဌာန၏ ထုတ်ပြန်ဖော်ပြ ချက်တွင်    ဆက်လက်ဖော်ပြ ထားသည်။

 


တရုတ်ခေါင်းဆောင်က အဖွဲ့ အစည်းများအားလုံးကို စစ်အေး ခေတ်     သဘောထားများကို စွန့်လွှတ်ပြီး ရေရှည်တည်တံ့ခိုင်မြဲ သည့် ဥရောပလုံခြုံရေးလုပ်ထုံးလုပ်နည်းများကို   တည်ဆောက် သွားကြရန် တိုက်တွန်းပြောကြား ထားကြောင်း     အဆိုပါကြေညာ ချက်တွင်    ထပ်မံဖော်ပြထား သည်။       
       

အင်န်အိတ်ချ်ကေ