ရုရှားဖက်ဒရေးရှင်းနိုင်ငံတွင် ကျင်းပပြုလုပ်သည့် International Army Games-2021 ပြိုင်ပွဲဝင် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ

 

 

နေပြည်တော်   စက်တင်ဘာ   ၇


ရုရှားဖက်ဒရေးရှင်းနိုင်ငံ မော်စကိုမြို့ မျိုးချစ်ပန်းခြံရှိ Congress စင်တာ ၌  ကျင်းပပြုလုပ်သည့်  International Army  Games- 2021 ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသော   မြန်မာ့တပ်မတော်   ကိုယ်စားလှယ် အဖွဲ့သည်  ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်သို့  ပြန်လည်ရောက်ရှိ လာရာ   ကာကွယ်ရေးဦးစီးချုပ်ရုံး   (ကြည်း)    မှ  ဗိုလ်ချုပ်ကိုလေး၊   ဗိုလ်ချုပ်  ဇော်လွင်ဦးနှင့်  တာဝန်ရှိသူများက နေပြည်တော်လေဆိပ်၌    ကြိုဆိုနှုတ်ဆက်ကြသည်။
အဆိုပါ      International Army Games-2021  ကို  နိုင်ငံ ပေါင်း ၄၃ နိုင်ငံမှ ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး စစ်မြေပြင်စွမ်းရည်ပြိုင်ပွဲ  ၃၄    မျိုးပါဝင်ကာ    ရုရှားနိုင်ငံ အပါအဝင် ၁၂ နိုင်ငံ၌ ပြိုင်ပွဲများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။  မြန်မာ့ တပ်မတော်အနေဖြင့်     စတုတ္ထ အကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း ဖြစ်ကာ တင့်ကားစွမ်းရည်ပြိုင်ပွဲ၊ စစ်မြေပြင်ဆေးတပ်ဖွဲ့  စွမ်းရည် ပြိုင်ပွဲ၊ လေကြောင်းချီတပ်စုများ  စွမ်းရည်ပြိုင်ပွဲများအပြင်  ဆက်စပ် ပြိုင်ပွဲတစ်ရပ်ဖြစ်သည့်    ရိုးရာ  ယဉ်ကျေးမှုဆိုင်ရာပြိုင်ပွဲ Creative   Competition      တွင်လည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ခြင်း      ဖြစ် သည်။
ထိုသို့     ယှဉ်ပြိုင်ခဲ့ရာတွင် မြန်မာ့တပ်မတော်မှ တင့်တပ်ဖွဲ့ ဝင်များသည် တင့်ကားမောင်းနှင် ပစ်ခတ်ခြင်းပြိုင်ပွဲ Tank Biathlon (Division-2) ၌ စံချိန် ၂ နာရီ ၂၈ မိနစ်   ၀၅   စက္ကန့်ဖြင့်   တတိယ နေရာ၌လည်းကောင်း၊      မြန်မာ့ တပ်မတော်မှ ယဉ်ကျေးမှု တပ်ဖွဲ့ ဝင်များသည်      ရိုးရာဝတ်စုံဖြင့် ဖျော်ဖြေတင်ဆက်      ပြသမှုတွင် ပထမဆု၊  ရုရှားသီချင်းဖြင့် တစ်ဦး ချင်း    သီဆိုဖျော်ဖြေတင်ဆက် မှုတွင်    ဒုတိယဆု၊   နိုင်ငံ့ရိုးရာ    ယဉ်ကျေးမှုကို ပေါ်လွင်ထင်ဟပ် အောင် ဖျော်ဖြေတင်ဆက်ပြသမှု တွင် ဒုတိယဆုတို့ကို  ဆွတ်ခူးရရှိ ခဲ့သည့်အပြင် အွန်လိုင်းမှတစ်ဆင့် ပရိသတ်များ၏   မဲပေးရွေးချယ် မှုတွင်လည်း   တတိယဆုကို   ရရှိ  အောင် အသီးသီးစွမ်းဆောင်နိုင် ခဲ့သည်။ ထို့ပြင် ဆေးတပ်ဖွဲ့ဝင်များ  အနေဖြင့်       ပြိုင်ပွဲဝင်အသင်း ကိုးသင်းအနက်  အဆင့် ၆  နေရာ တွင်လည်းကောင်း၊ လေကြောင်း ချီတပ်ဖွဲ့အနေဖြင့်       ပြိုင်ပွဲဝင် အသင်း ၁၈ သင်းအနက် အဆင့်  ၇       နေရာတွင်   လည်းကောင်း      အသီးသီး ရပ်တည်နိုင်ခဲ့အောင် စွမ်းဆောင်နိုင်ခဲ့ကြသည်။
မြန်မာ့တပ်မတော် တပ်ဖွဲ့ဝင် များအနေဖြင့် အဆိုပါ Interna-tional Army Games ပြိုင်ပွဲများ တွင်  နိုင်ငံတကာ  စစ်ဘက်အဖွဲ့ အစည်းများ၏ ပြိုင်ပွဲယှဉ်ပြိုင်မှု  အတွေ့အကြုံများ၊ နည်းပညာပိုင်း ဆိုင်ရာ       အတွေ့အကြုံများနှင့် ချစ်ကြည်ရင်းနှီးမှုများ ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း     နှင့် လာမည့်နှစ်များတွင်လည်း ဆက် လက်     ပါဝင်ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။ 
သတင်းစဉ်