ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ ကျင်းပသည့် (၁၃)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲသို့ တက်ရောက်ခဲ့သည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ပြန်လည်ရောက်ရှိ

 

နေပြည်တော်  ဇူလိုင်   ၁၅


စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး    ဒေါက်တာချာလီသန်း ဦးဆောင်သော မြန်မာကိုယ်စား လှယ်အဖွဲ့သည် ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ယီကာကျီရင်ဘတ်မြို့၌ ကျင်းပသည့် (၁၃)ကြိမ်မြောက် စက်မှုကုန်စည်ပြပွဲသို့     တက် ရောက်ခဲ့ပြီး ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ ကြသည်။


ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ အား      မြန်မာ့ဆေးဝါးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး၊ စက်မှု ဝန်ကြီးဌာနမှ     စက်ရုံမှူးများ၊ ရန်ကုန်တိုင်းဒေသကြီး    စက်မှု ကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီး ဌာန တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများ၊ ရုရှားဖက်ဒရေး ရှင်းနိုင်ငံ ကော်ပိုရေးရှင်း Rostec မှ    တာဝန်ရှိသူများက   ရန်ကုန် အပြည်ပြည်ဆိုင်ရာ   လေဆိပ်၌ ကြိုဆိုနှုတ်ဆက်ကြသည်။


ပြည်ထောင်စုဝန်ကြီး ဦးဆောင် သော    ကိုယ်စားလှယ်အဖွဲ့သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ    ယီကာ ကျီရင်ဘတ်မြို့သို့ ရောက်ရှိနေစဉ် အတွင်း (၁၃) ကြိမ်မြောက် စက်မှု ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး    ခင်းကျင်းပြသ ထားသည့် စက်မှုထုတ်ကုန်ပစ္စည်း အမျိုးမျိုးကို   လှည့်လည်ကြည့်ရှု လေ့လာခြင်း၊       Sustainable Manufacturing  Strategies  of Renewal ခေါင်းစဉ်ဖြင့် ဆွေးနွေး သော    Panel   Discussion   သို့ တက်ရောက်၍  Building Econo-mic Relations and Protecting your Own Manufacturer နှင့် ပတ်သက်၍   ရှင်းလင်းဆွေးနွေး ခြင်း၊    Sverdlovsk    Region Governor မှ တည်ခင်းဧည့်ခံသည့် ညစာစားပွဲ အခမ်းအနားသို့ ရုရှား ဖက်ဒရေးရှင်းနိုင်ငံ ဒုတိယဝန်ကြီး ချုပ်၊   စက်မှုနှင့်   ကုန်သွယ်ရေး ဝန်ကြီးဌာန ဝန်ကြီး Mr. Denis Manturov ၊ နိုင်ငံတကာမှ ဝန်ကြီး များ၊      သံတမန်များနှင့်အတူ တက်ရောက်ခြင်းတို့ကို   ဆောင် ရွက်ခဲ့သည်။


ထို့ပြင် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၊ ဒုတိယဝန်ကြီးချုပ်၊ စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၊ ဝန်ကြီး မစ္စတာဒဲနစ်   မန်ဒူးရော့ဖ်   ဦးစီး သည့်     ကိုယ်စားလှယ်အဖွဲ့နှင့် သီးခြားတွေ့ဆုံခြင်း၊   ယီကာကျီ ရင်ဘတ်မြို့ရှိ Ural State Mining University   ၏  ဘူမိဗေဒပြခန်း၊ Museum complex of military and  civil  equipment  of  the Ural Mining and Metallurgical Company  နှင့်  Stone-crafting House   by   Alexey  Antonov ကျောက်ဆစ်  အနုပညာပြခန်း တို့ကို ကြည့်ရှုလေ့လာခြင်း၊ စဗျဲ လော့်ဗ်စ်ခ် ဒေသ၏ နိုင်ငံတကာ စီးပွားရေး ဆက်သွယ်ဆောင်ရွက် မှု  ဝန်ကြီးဌာန  ဝန်ကြီး  မစ္စတာ ဗျဲချီးစ်လာ့ဖ်ယာရင်    ဦးဆောင် သော ဒေသအစိုးရအဖွဲ့နှင့် တွေ့ဆုံ ၍    မြန်မာနိုင်ငံ၏    စက်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊   သံ၊  သံမဏိ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာ    အကူအညီပေးရေး နှင့်   လေ့ကျင့်သင်ကြားပေးရေး ကိစ္စရပ်များ၊    သံသတ္တုရိုင်းများ ရှာဖွေတူးဖော်ရေး    ကိစ္စရပ်များ၊ MSME  များ  ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို      ဆွေးနွေးနိုင်ခဲ့ ကြောင်း သတင်းရရှိသည်။


သတင်းစဉ်