ရုရှားဖက်ဒရေးရှင်းနိုင်ငံက မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ပြည်သူများအတွက် လူသားချင်းစာနာမှု အကူအညီပစ္စည်းများတင်ဆောင်လာသည့် ကုန်တင်လေယာဉ် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိ

 

ရန်ကုန်    စက်တင်ဘာ    ၉


ရုရှား - မြန်မာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကိုအခြေခံ၍ ရုရှားဖက်ဒရေးရှင်းနိုင်ငံကပေးအပ်သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းဘေးသင့်ပြည်သူများအတွက်  လူသား ချင်းစာနာမှုအကူအညီပစ္စည်းများ တင်ဆောင်လာသော ရုရှားနိုင်ငံမှ ကုန်တင်လေယာဉ်သည် ယနေ့ နံနက် ၄ နာရီ မိနစ် ၂၀ တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိသည်၊၊  


ဦးစွာ ရောက်ရှိလာသည့် အကူ အညီပစ္စည်းများကို ရန်ကုန်တိုင်း ဒေသကြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာ        စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး    ဦးသန်းစိုးနှင့် တာဝန်ရှိသူများ၊     မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ တာဝန်ရှိသူတို့က ကြည့်ရှု စစ်ဆေးကြသည်၊၊


ထို့နောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံမှ မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်     ပြည်သူများအတွက် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ   အကူအညီပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲကို နံနက် ၉ နာရီတွင်    ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်ဧည့်ခန်းမဆောင် ၌ ကျင်းပသည်၊၊


အခမ်းအနားသို့ ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးဝန်ကြီးများ၊ နိုင်ငံ ခြားရေးဝန်ကြီးဌာန မဟာဗျူဟာ လေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီး ဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာ နိုင်ငံဆိုင်ရာ  ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ        ကောင်စစ်ဝန်  Mr. Andrei Lunak နှင့်  တာဝန်ရှိ သူများ၊   ရန်ကုန်တိုင်းဒေသကြီး သဘာဝ  ဘေးအန္တရာယ်ဆိုင်ရာ   စီမံခန့်ခွဲမှုဦးစီးဌာနမှ     တာဝန်ရှိ သူများ တက်ရောက်ကြသည်၊၊


အခမ်းအနားတွင် မြန်မာနိုင်ငံ ဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ ကောင်စစ်ဝန် Mr. Andrei Lunak  က   လှူဒါန်းရခြင်းနှင့် စပ်လျဉ်း၍    ရှင်းလင်းတင်ပြပြီး ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီး ချုပ်  ဦးစိုးသိန်းက  ကျေးဇူးတင် စကား ပြောကြားသည်၊၊
ထို့နောက် ရန်ကုန်တိုင်းဒေသ ကြီးအစိုးရအဖွဲ့      လူမှုရေးရာ ဝန်ကြီး     ဦးအောင်ဝင်းသိန်းနှင့် ရုရှားနိုင်ငံ  EMERCOM  မှ  Mr. Andrei KHOMENKO တို့က မိုခါ ဆိုင်ကလုန်းမုန်တိုင်း    ဘေးသင့် ပြည်သူများအတွက် လူသားချင်း စာနာမှု     အကူအညီပစ္စည်းများ ကို  လွှဲပြောင်းလက်ခံ လက်မှတ် ရေးထိုးပြီး လဲလှယ်ကြသည်၊၊


ယင်းနောက်   ရန်ကုန်တိုင်း ဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း က   မြန်မာနိုင်ငံဆိုင်ရာ     ရုရှား ဖက်ဒရေးရှင်းနိုင်ငံသံရုံးမှ ကောင် စစ်ဝန် Mr. Andrei Lunak ထံ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက် ကြပြီး  လူသားချင်း စာနာမှု အကူအညီပစ္စည်းများကို    လှည့်လည်ကြည့်ရှုကြသည်၊၊


မိုခါဆိုင်ကလုန်းမုန်တိုင်း ဘေး သင့်ပြည်သူများအတွက် ရုရှားဖက် ဒရေးရှင်းနိုင်ငံမှ တင်ဆောင်လာ သော   အကူအညီပစ္စည်းများတွင် ငါးသေတ္တာဘူး (Preserved Fish) ၁၃ ဒသမ ၉၅ တန်၊    ပါစတာ (Macaronl)   ၁၀ ဒသမ ၅ တန်၊ မိုးကာတဲ    ၁၀  ဦးဆံ့      ၂၅  လုံး ၂ ဒသမ ၉ တန်၊ မီးစက်(Mobile Electric Power Station)  ၁ လုံး ၂ ဒသမ ၈ တန်တို့ ဖြစ်ကြောင်း သိရသည်၊၊ 


မိုခါ   ဆိုင်ကလုန်းမုန်တိုင်း ဘေးသင့်    ပြည်သူများအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူ အညီပစ္စည်းများကို     နိုင်ငံတော် အစိုးရအနေဖြင့်    ထောက်ပံ့ပေး လျက်ရှိရာတွင်    မည်သူတစ်ဦး တစ်ယောက်မျှ မကျန်ရှိစေရေးမူ ကို လက်ကိုင်ထား၍ သဘာဝဘေး           အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဗဟို ဌာန၏ ကြီးကြပ်မှုဖြင့် တိုင်းဒေသ ကြီးနှင့်     ပြည်နယ်အစိုးရများ ဝန်ကြီးဌာန     အသီးသီးတို့နှင့် ချိတ်ဆက်၍ အချိန်နှင့်တစ်ပြေးညီ ကူညီ     ထောက်ပံ့ပေးလျက်ရှိ ကြောင်း  သိရသည်၊၊

သတင်းစဉ်