
ရန်ကုန် ဇွန် ၈
ရုရှားဖက်ဒရေးရှင်းနိုင်ငံ၏ အမျိုးသားနေ့ အထိမ်းအမှတ်ဧည့်ခံပွဲ အခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်မြို့ Lotte Hotel ၌ ကျင်းပရာ ရင်းနှီးမြှုပ်နှံမှု နှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်သည်။
ရှေးဦးစွာ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်သီချင်းနှင့် ရုရှားဖက်ဒရေးရှင်း နိုင်ငံ နိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနား ကို စတင်ဖွင့်လှစ်သည်။
ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ရုရှား ဖက်ဒရေးရှင်းနိုင်ငံသံအမတ်ကြီး H.E. Mr. Nikolay LISTOPADOV က နှုတ်ခွန်း ဆက်စကား ပြောကြားသည်၊၊
ယင်းနောက် ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ ယဉ်ကျေးမှုအကအဖွဲ့တို့က ရိုးရာ ယဉ်ကျေးမှုအဆိုအကများဖြင့် ဖျော်ဖြေ တင်ဆက်ကြသည်၊၊
ထို့နောက် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြား စီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် နှင့် မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်း နိုင်ငံသံအမတ်ကြီး H.E. Mr. Nikolay LISTOPADOV တို့က ရုရှားဖက်ဒရေးရှင်း နိုင်ငံ၏ အမျိုးသားနေ့အထိမ်းအမှတ် ကိတ်ကို လှီးဖြတ်ပေးကြသည်၊၊
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးတို့သည် ဧည့်ခံပွဲအခမ်း အနားသို့ တက်ရောက်လာကြသူများနှင့် အတူ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် ဧည့်ခံပွဲသို့ တက်ရောက် လာကြသူများအား သံအမတ်ကြီးက ညစာစားပွဲဖြင့် တည်ခင်းဧည့်ခံသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသ ကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီးသက်ပုံနှင့် ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ဇော်ဟိန်းနှင့်ဇနီး၊ တပ်မတော်အရာရှိကြီး များ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံ များ၊ စစ်သံမှူးများနှင့် ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။
သတင်းစဉ်