ရုရှားဖက်ဒရေးရှင်းနိုင်ငံ သမ္မတရွေးကောက်ပွဲအား လေ့လာရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ရုရှားနိုင်ငံသို့ ထွက်ခွာ

 

နေပြည်တော်   မတ်    ၁၂


ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ဗဟိုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ၏ ဖိတ်ကြားချက်အရ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ သမ္မတရွေးကောက်ပွဲအား  လေ့လာရန်နှင့်   မော်စကိုမြို့တွင်ကျင်းပမည့်  International Scientific and Practical Conference သို့ တက်ရောက်ရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကို ဦးဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့ညနေပိုင်းတွင် လေကြောင်းခရီးဖြင့်  မန္တလေးမြို့မှ  ထွက်ခွာသွား ကြသည်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်     အဖွဲ့အား မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်နှင့်    တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်       ဝန်ကြီးများ၊ ပြည်ထောင်စု        ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင် ကျော်နှင့် မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ   တာဝန်ရှိသူများက မန္တလေးအပြည် ပြည်ဆိုင်ရာလေဆိပ်၌   ပို့ဆောင် နှုတ်ဆက်ကြသည်။


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့်          ရုရှား ဖက်ဒရေးရှင်းနိုင်ငံ၊       သမ္မတ ရွေးကောက်ပွဲအား  လေ့လာခြင်း နှင့်   International Scientific and Practical Conference  သို့ တက်ရောက်ခြင်းအားဖြင့် ရုရှား နိုင်ငံ၏    ရွေးကောက်ပွဲကျင်းပပုံ နည်းစနစ်များ၊      ရွေးကောက်ပွဲ စီမံခန့်ခွဲမှု          နည်းလမ်းများ၊ ရွေးကောက်ပွဲတွင်    နည်းပညာ အသုံးပြု  ဆောင်ရွက်နေမှုများကို လေ့လာသိရှိနိုင်မည့်အပြင်   နိုင်ငံ တကာမှ   ရွေးကောက်ပွဲလေ့လာ သူများအကြား အမြင်ချင်းဖလှယ် ဆွေးနွေးခွင့်များ၊    အတွေ့အကြုံ မျှဝေခွင့်များ ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။      

သတင်းစဉ်