ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး Colonel General Alexander Vasilyevich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံခြားစစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

 

နေပြည်တော်   မတ်    ၂၇
ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ် ရေးဝန်ကြီး Colonel General Alexander  Vasilyevich    Fomin     ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့် နိုင်ငံခြားစစ်သံရုံး များမှ   စစ်သံမှူးများနှင့်   တာဝန်ရှိသူ များသည် ပြည်ထောင်စုနယ်မြေ နေပြည် တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိ ထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များအနက်    ဉာဏ်တော် အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား ယနေ့နံနက်ပိုင်းတွင် သီးခြားစီ လာရောက်ဖူးမြော် ကြည်ညို ကြသည်။
ဦးစွာ        ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး      Colonel General Alexander Vasilyevich Fomin ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်  နိုင်ငံခြား စစ်သံရုံးများမှ စစ်သံမှူးများနှင့် တာဝန်ရှိသူများအား မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီး    ဂေါပကအဖွဲ့နှင့်    ဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး     တည်ဆောက် ပူဇော်ခြင်းနှင့်   ထိန်းသိမ်းခြင်းလုပ်ငန်း များတွင်       ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဗုဒ္ဓ ရုပ်ပွားတော်မြတ်ကြီး     အောင်မြင်စွာ တည်ထားပူဇော်နိုင်ရန်     အဆင့်ဆင့် ဆောင်ရွက်ခဲ့သည့် ဗီဒီယိုမှတ်တမ်းများကို ဘုရားဖူးအဖွဲ့လိုက် သီးခြားစီရှင်းလင်း ပြသကြသည်။
ထို့နောက်   ဘုရားဖူးအဖွဲ့များသည်  မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား  ဖူးမြော်ကြည်ညိုကြပြီး    ဘုရားရင်ပြင် တော်ပတ်လည်၌    စကျင်ကျောက်များ  အသုံးပြု၍     တည်ဆောက်ထားသည့် ဂန္ဓကုဋိတိုက်များ၊ ဗိသုကာလက်ရာများ ဖြင့် ခမ်းနားထည်ဝါစွာ တည်ထားပူဇော် ထားသည့် အဂ္ဂါဓိပတိသာသနာ့ဗိမာန် တော်ကြီး၊ ကျောက်စာရုံစေတီတော်များ၊  သုဓမ္မာဇရပ်များ၊ မုစလိန္ဒအိုင်နှင့် အခြား သာသနိကအဆောက်အဦများကို ဖူးမြော် လေ့လာ ကြည်ညိုကြသည်။
ယနေ့တွင်    မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော် ခဲ့ကြသည့်     ရုရှားဖက်ဒရေးရှင်းနိုင်ငံ ဒုတိယကာကွယ်ရေးဝန်ကြီး     Colonel General Alexander Vasilyevich Fomin ဦးဆောင်သော   ကိုယ်စားလှယ်အဖွဲ့၏ စကားသံများကို        ယခုလိုကြားသိခဲ့ ရပါသည်-
Colonel General 
Alexander Fomin
ရုရှားကာကွယ်ရေးဝန်ကြီးဌာန၊ 
ဒုတိယဝန်ကြီး
ကျွန်တော်   မြန်မာနိုင်ငံကို   အလွန် ချစ်တဲ့အကြောင်း      ပြောချင်ပါတယ်။ ကျွန်တော့်အနေနဲ့ မြန်မာနိုင်ငံနဲ့ပူးပေါင်း ဆောင်ရွက်ပြီး လုပ်ကိုင်နေတာ ၂၀၀၅ ခုနှစ် ကတည်းကဖြစ်ပြီး မြန်မာနိုင်ငံမှာ မိတ်ဆွေညီကိုတွေ      များစွာရရှိခဲ့ပြီး လည်းဖြစ်ပါတယ်။     လက်ရှိနိုင်ငံတော် အကြီးအကဲအပါအဝင် တပ်မတော်ဘက်၊ အရပ်ဘက်     အကြီးအကဲတွေနှင့်လည်း  မြန်မာနိုင်ငံ  ဖွံ့ဖြိုးတိုးတက်ရေး  ကိစ္စရပ် တွေမှာ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်  ရှိပါတယ်။   အခုလက်ရှိ    ရောက်ရှိနေတဲ့  မာရဝိဇယဗုဒ္ဓဥယျာဉ်တော်ရဲ့   စီမံကိန်း ဟာဆိုရင် အလွန်ကိုကြီးမားတဲ့ စီမံကိန်း တစ်ခုဖြစ်ပါတယ်။ အခုလိုမျိုး ဗုဒ္ဓဥယျာဉ် တော်ကြီး     တည်ဆောက်နိုင်တာဟာ အလွန်ကို အောင်မြင်မှုတစ်ခုဖြစ်ပါတယ်။  ဗုဒ္ဓမြတ်စွာဘုရားကို      ကိုယ်စားပြုတဲ့ ဗုဒ္ဓရုပ်ပွားတော်မြတ်ကို      တည်ထား ကိုးကွယ်နိုင်တယ်ဆိုတာမျိုးက တကယ် ကို   သာသနာပြု   မင်းကောင်းမင်းမြတ် တွေမှ     ဆောင်ရွက်နိုင်တဲ့     ကုသိုလ် ကောင်းမှုတစ်ခု   ဖြစ်ပါတယ်။    ပြည်သူ လူထုကလည်း     ဗုဒ္ဓဘာသာကိုယုံကြည် ကြသလို    အလွန်ကို       ကြိုးစားကြတဲ့ ပြည်သူတွေဖြစ်လို့ ဒီလိုမျိုး အောင်မြင်စွာ ဆောင်ရွက်နိုင်တာဖြစ်ပါတယ်။ ကျွန်တော် အနေနဲ့ မြန်မာနိုင်ငံရဲ့ ယဉ်ကျေးမှုအမွေ အနှစ်ကို        ထိန်းသိမ်းနိုင်တာကိုလည်း တကယ့်ကို တွေ့မြင်သဘောကျနှစ်ခြိုက် မိပါတယ်။  အခုလိုမျိုး မာရဝိဇယဘုရား ကြီး    အောင်မြင်စွာ   တည်ထားကိုးကွယ် နိုင်ခဲ့တဲ့အတွက်    ဂုဏ်ယူဝမ်းမြောက် ကြောင်း ပြောကြားလိုပါတယ်။ မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို တည်ထား ကိုးကွယ်နိုင်ခဲ့တာဟာ    မြန်မာနိုင်ငံသူ၊  နိုင်ငံသားတို့ရဲ့   အောင်ပွဲတင်မဟုတ်ဘဲ  တစ်ကမ္ဘာလုံးက ဗုဒ္ဓဘာသာဝင် အားလုံး ရဲ့    အောင်ပွဲဖြစ်ပါတယ်။   မြန်မာနိုင်ငံ ဟာဆိုရင်လည်း သမိုင်းကြောင်းအစဉ်  အလာ    ခိုင်မာတဲ့   နိုင်ငံတစ်ခုဖြစ်ပါ တယ်။    အခုလိုမျိုး   သမိုင်းသစ်မှတ် ကျောက်တင်တဲ့   မာရဝိဇယဘုရားကြီးလို စီမံကိန်းတွေ  တည်ဆောက်တဲ့နေရာမှာ ပါဝင်ခဲ့ကြတဲ့ ပညာရှင်တွေအနေနဲ့လည်း ရုရှားနိုင်ငံက အဆင့်မြင့်ပညာတက္ကသိုလ် ကျောင်းဆင်းတွေဖြစ်တယ်ဆိုတာ သိရ ပါတယ်။ ကျွန်တော်တို့ရဲ့ အဆင့်မြင့်ပညာ တက္ကသိုလ်ကျောင်းဆင်း အရာရှိတွေက  ကမ္ဘာ့အမွေအနှစ်တစ်ခုကို တည်ဆောက် ပေးနိုင်ခဲ့တယ်ဆိုတာ     သိရတဲ့အတွက် အလွန်ကို ဂုဏ်ယူပါတယ်။ 
Lama Bair Tsympilov 
မော်စကိုဗုဒ္ဓဘာသာအသင်းတော်၊ 
ဥသျှောင်ဆရာတော်
အခုလိုမျိုး ဒီနေ့မှာ ရုရှားဖက်ဒရေးရှင်း နိုင်ငံကလာရောက်တဲ့    ကိုယ်စားလှယ် အဖွဲ့ကို မာရဝိဇယဘုရားကြီးကို ဖူးမြော် ခွင့်ရအောင်         စီစဉ်ပေးတဲ့အတွက် ဘုန်းဘုန်းအနေနဲ့ တာဝန်ရှိသူအားလုံးကို ကျေးဇူးတင်ရှိကြောင်း ဦးစွာပြောကြား လိုပါတယ်။ အခုလိုမျိုး ကြီးကျယ်ခမ်းနား လှတဲ့ ဗုဒ္ဓဥယျာဉ်တော်ကြီးကို လာရောက် ဖူးမြော်ရတဲ့အချိန်မှာ အလွန်ကိုဝမ်းသာ ပီတိဖြစ်မိပါတယ်။    ရုရှားဖက်ဒရေးရှင်း နိုင်ငံက ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ် သူတွေအားလုံးရဲ့ကိုယ်စားလည်း    ဒီလို မျိုး လာရောက်ဖူးမြော်ခွင့်ရတဲ့အတွက်  ဝမ်းမြောက်ကြောင်း    ပြောလိုပါတယ်။ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဟာ ဆိုရင်    ကမ္ဘာမှာ   အကြီးမားဆုံးသော ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်ကြီး    ဖြစ် တယ်ဆိုတာ    သိရှိရပါတယ်။     ထို့ပြင် ဥယျာဉ်တော်ကြီးရဲ့   ကြီးမားခမ်းနားမှု ဟာဆိုရင် သံလိုက်တစ်ခုပမာ ကမ္ဘာပေါ် မှာ  ဗုဒ္ဓဘာသာကိုကိုးကွယ်ကြတဲ့ လူတွေ အားလုံးကို   ဆွဲငင်နေတာလည်း    ဖြစ်ပါ တယ်။ ဗုဒ္ဓဘာသာကို ကိုးကွယ်ကြတဲ့သူ တွေအနေနဲ့    ဘုရားကြီးကို လာရောက် ဖူးမြော်ရင်း   တရားဓမ္မတွေ   အားထုတ် နိုင်မှာ  ဖြစ်ပါတယ်။  အခုလိုဗုဒ္ဓရုပ်ပွား တော်ကြီးကို  အောင်မြင်စွာ  တည်ထား ကိုးကွယ်နိုင်တဲ့    နိုင်ငံသူ၊    နိုင်ငံသား အားလုံးကို ဂုဏ်ယူဝမ်းမြောက်ကြောင်း  ကိုလည်း ဘုန်းဘုန်းအနေနဲ့ပြောကြားလိုပါတယ်။ မြန်မာနိုင်ငံသူ၊ နိုင်ငံသား အပေါင်း စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး  သာယာပျော်ရွှင် ချမ်းမြေ့ပါစေကြောင်း ဘုန်းဘုန်းအနေနဲ့   ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်။ 
Mr.Pavel Gusev 
ရုရှားကာကွယ်ရေးဝန်ကြီးဌာန၊ 
ပြည်သူ့ဆက်ဆံရေးကောင်စီဥက္ကဋ္ဌ
ကမ္ဘာပေါ်မှာ   နိုင်ငံပေါင်းများစွာ မှီတင်းနေထိုင်ကြတဲ့အခါ လူမျိုးစုတွေရဲ့ ကြီးကျယ်ခမ်းနားမှုကို သူတို့ရဲ့ယဉ်ကျေး မှုနဲ့ ဖော်ပြလေ့ရှိပါတယ်။ ဒီယဉ်ကျေးမှု ကို   ထိန်းသိမ်းနိုင်စွမ်း၊  ပြန့်ပွားအောင် လုပ်နိုင်စွမ်းက  အဲဒီလူမျိုးစုရဲ့ ကြီးကျယ် ခမ်းနားမှုကို  ဖော်ပြပါတယ်။  ကျွန်တော် အခုရောက်ရှိနေတဲ့ မာရဝိဇယဗုဒ္ဓဥယျာဉ် တော်ဟာဆိုရင်  သာသနာ့အမွေအနှစ် တစ်ခုအဖြစ်      တည်ဆောက်ထားတဲ့ အတွက် မြန်မာလူမျိုးတွေရဲ့ ကြီးကျယ် ခမ်းနားမှုကိုဖော်ပြတဲ့ ပြယုဂ်တစ်ခုလည်း ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ တိုးတက်မှု ကို  ဖော်ပြနေတာလည်း  ဖြစ်ပါတယ်။  နိုင်ငံတစ်နိုင်ငံဟာဆိုရင် ခေတ်မီမြို့ပြကြီး တွေ တည်ဆောက်ထားမှ  တိုးတက်တာ မဟုတ်ပါဘူး။  အခုလိုမျိုး ယဉ်ကျေးမှုကို  ထိန်းသိမ်းပြန့်ပွားစေတဲ့      သာသနိက အဆောက်အအုံတွေကို ကြီးကျယ်ခမ်းနား စွာ ဆောက်လုပ်နိုင် ခြင်းဟာလည်း နိုင်ငံ ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဖော်ပြတာဖြစ်ပါ တယ်။    မြန်မာနိုင်ငံမှာ     ယခုလိုမျိုး သာသနာတော်ကို ထိန်းသိမ်းစောင့်ရှောက် ပြီး    ယဉ်ကျေးမှုနဲ့   သာသနာတော်ကို     ဆောင်ရွက်နေတဲ့  မင်းကောင်းမင်းမြတ်      ဦးဆောင်တဲ့အချိန်မှာ  နိုင်ငံဟာလည်း  သိသိသာသာ  ဖွံ့ဖြိုးတိုးတက်လာတာကို  တွေ့ရပါတယ်။  ဆက်လက်ပြီး  မြန်မာ နိုင်ငံကြီးသာယာဝပြော  ဖွံ့ဖြိုးတိုးတက် ပါစေကြောင်း ဆုတောင်းမေတ္တာပို့သအပ် ပါတယ်။                            

သတင်းစဉ်