ရုရှားနှင့် ယူကရိန်းတို့ တတိယအကြိမ် ငြိမ်းချမ်းရေးဆွေးနွေးမှု ပြုလုပ်သွားမည်

ကိယက်ဗ် မတ် ၅ ရုရှားနိုင်ငံသည် ယူကရိန်းနှင့် ဆက်လက် ဆွေးနွေးရန်ဆန္ဒရှိပြီး ငြိမ်ချမ်းရေးကို လိုလားကြောင်း ရုရှားသမ္မတ ဗလာဒီမာ ပူတင်က မတ် ၄ ရက်တွင် ပြောသည်။ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှိုဇ်နှင့် တယ်လီဖုန်းဖြင့်ဆွေးနွေးစဉ် ရုရှားနှင့် ယူကရိန်းတို့ တတိယအကြိမ် ဆွေးနွေးမှု အတွင်း ကျိုးကြောင်းဆီလျော်ပြီး အပြု သဘောဆောင်သည့် ရပ်တည်ချက် ဖြစ်လာရန် မျှော်လင့်ကြောင်း ရုရှား သမ္မတက ၎င်းမျှော်လင့်ချက်ကို ပြောကြား ခဲ့သည်။ ရုရှားနှင့်ယူကရိန်းတို့အကြား တတိယအကြိမ် ဆွေးနွေးပွဲမှာ စနေနေ့ သို့မဟုတ် တနင်္ဂနွေနေ့တွင် ဖြစ်လာနိုင် သည်ဟု ယူကရိန်းသမ္မတရုံးအကြံပေး မက်ခိုင်လိုပိုဒိုယက်က ပြောသည်။ ယူကရိန်းနှင့် ရုရှားတို့မှာ သဘော ထား တင်းမာနေကြသည့်အတွက် ဆွေးနွေးညှိနှိုင်းမှုမှာ ခက်ခဲနိုင်သည်ဟု ၎င်းက ဆက်ပြောသည်။ ယူကရိန်းနိုင်ငံ ၏ခုခံမှုကို အရှက်ရစေမည့် မည်သည့် လိုက်လျောမှုမျိုးကိုမဆို ယူကရိန်းသမ္မတ ဗိုလိုဒီမာဇီလန်စကီးက ပြုလုပ်သွားမည် မဟုတ်ဟု ပိုဒိုယက်က ပြောသည်။ ယူကရိန်းပါလီမန်တွင် ငြိမ်းချမ်းရေး ထိန်းသိမ်းရေးတပ်ဖွဲ့ဝင်များ ယူကရိန်း သို့စေလွှတ်ရန် တောင်းဆိုခဲ့သည်ဟု ပါလီမန်၏ ဒုတိယဥက္ကဋ္ဌ အလက်ဇန်း ဒရားကိုနီယန်ကိုက မတ် ၄ ရက်တွင် ပြောသည်။ ထိုပြင် ယူကရိန်းပိုင်နက်တွင် မပျံသန်းရရေးဇုန် ပြုလုပ်ပေးရန်ကိုလည်း ပါလီမန်က တောင်းဆိုခဲ့သည်ဟု သိရ သည်။ ဆင်ဟွာ