
ဝါရှင်တန်ဒီစီ ဖေဖော်ဝါရီ ၁၀
ပြင်သစ်သမ္မတ အန်မန်နျူရယ်မက်ခရွန်သည် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို ဖေဖော်ဝါရီ ၉ ရက်က ဖုန်းဆက်ပြီး မကြာသေးမီက သွားရောက်ခဲ့သည့် ရုရှားနှင့် ယူကရိန်းခရီးစဉ်အကြောင်း ပြောကြားခဲ့သည်။
ပြင်သစ်သမ္မတ မက်ခရွန် သည် ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် ဖေဖော်ဝါရီ ၇ ရက်က သီးသန့် တွေ့ဆုံဆွေးနွေးမှုများ နှင့် ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီးနှင့် ဖေဖော်ဝါရီ ၈ ရက်က သီးသန့်တွေ့ဆုံ ဆွေး နွေးမှုများကို ရှင်းလင်းပြောကြား ခဲ့ကြောင်း ပြင်သစ်နှင့် အမေ ရိကန်အစိုးရများက ပြောသည်။
ယူကရိန်း ပဋိပက္ခကို အောင်မြင်ကျော်လွှားရန် ပြင်သစ် သည် ရုရှား၊ ယူကရိန်းနှင့် ဂျာမနီ တို့နှင့် လမ်းကြောင်းလေးသွယ် မူဘောင်အတိုင်း ဆက်လက် ဆွေးနွေးမှုများ လုပ်ဆောင်သွား ရန် မက်ခရွန်နှင့်ဘိုင်ဒန်တို့ အတည်ပြုခဲ့သည်။
ပြင်သစ်သည် ယူကရိန်းအရှေ့ ပိုင်းတွင် အပစ်ရပ်စဲရေး သဘော တူညီချက်ကို အကောင်အထည် ဖော်နိုင်ရေးအတွက် နည်းလမ်းရှာ ကြိုးစား ဆောင်ရွက်ရန် သဘောတူခဲ့သည်။ ယူကရိန်း အရှေ့ပိုင်းတွင် အစိုးရတပ်ဖွဲ့များ နှင့် ရုရှားထောက်ခံလက်နက်ကိုင် တပ်ဖွဲ့များကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန် သည် ရုရှားအရေးနှင့်ပတ်သက် ပြီး ဥရောပခေါင်းဆောင်များနှင့် ဆွေးနွေးမှုများ ဆက်လက်လုပ် ဆောင်သွားမည် ဖြစ်ကြောင်း အိမ်ဖြူတော် ပြန်ကြားရေး တာဝန်ခံ ဂျန်ဆာကီက သတင်း ထောက်များကို ဖေဖော်ဝါရီ ၉ ရက်က ပြောကြားလိုက် သည်။
အင်န်အိတ်ချ်ကေ