ရုရှားနှင့် ဘယ်လာရုဇ်တို့ ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ပြုလုပ်

 

မော်စကို    ဖေဖော်ဝါရီ   ၁၀ 


ရုရှားကာကွယ်ရေးဝန်ကြီးဌာနက Allied Resolve -2022 ပူးတွဲစစ်ရေးလေ့ကျင့်မှုများ ကို စတင်လုပ်ဆောင်ခဲ့ကြောင်း ဖေဖော်ဝါရီ ၁၀ ရက်က ကြေညာလိုက်သည်။ အဆိုပါ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို   ရုရှားအရှေ့ပိုင်းတပ်ဖွဲ့ဝင်များနှင့်   ဘယ်လာရုဇ်တပ်ဖွဲ့များ ပူးပေါင်း လုပ်ဆောင်ခဲ့သည်။ 

 


ဘယ်လာရုဇ်ရှိ လေ့ကျင့်ရေးကွင်းတွင် ပူးတွဲစစ်ရေးလေ့ကျင့်မှုများကို စတင် လုပ်ဆောင်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်တွင် ဖော်ပြခဲ့သည်။ 

 

ပူးတွဲစစ်ရေးလေ့ကျင့်မှုသည် အကြမ်းဖက်မှုတန်ပြန်ရန်နှင့် ရုရှား၏ အကျိုးစီးပွားကို ကာကွယ်ရန် ရည်ရွယ်သည်။ ထို့အပြင် ပြည်ပကျူးကျော် ရန်မူခြင်းများကို တွန်းလှန် ဖယ်ရှားရန်နှင့် နှိမ်နင်းရန်    တပ်ဖွဲ့များကို   လေ့ကျင့်ပေးခြင်းဖြစ်သည်။

 

  ဖေဖော်ဝါရီ  ၂၀   ရက်အထိကြာမည့်    အဆိုပါစစ်ရေးလေ့ကျင့်မှုကို  ဘယ်လာရုဇ်ရှိ  လေ့ကျင့်ရေး  ကွင်း   ငါးကွင်းနှင့်   တခြားလေ့ကျင့်ရေးနယ်မြေဒေသများတွင်   ကျင်းပပြုလုပ်မည် ဖြစ်သည်။                                                   

ဆင်ဟွာ