
မော်စကို စက်တင်ဘာ ၆
ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ၁၇၈၅၆ ဦး ရှိခြင်းကြောင့် နိုင်ငံတစ်ဝန်းတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၇၀၃၀၄၅၅ ဦးရှိလာကြောင်း ရုရှားနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေး စင်တာက ယနေ့တွင် ပြောကြားသည်။
ပြန်လည်ကျန်းမာလာသူ၆၂၈၅၀၀၇ ဦးရှိ
ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူ ၇၉၀ ရှိသဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူစုစုပေါင်း ၁၈၇၉၉၀ ရှိလာကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံအသီးသီးမှ ဆင်းခွင့်ရရှိသူ ၁၄၂၇၆ ဦးထပ်တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူစုစုပေါင်း ၆၂၈၅၀၀၇ ဦးရှိလာကြောင်း သိရသည်။
မော်စကိုမြို့၌ ကူးစက်မှုအများဆုံး
မြို့တော်မော်စကိုသည် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုအများဆုံးဒေသဖြစ်ပြီး လွန်ခဲ့ သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံ ရသူ ၁၄၆၃ ဦးရှိခြင်းကြောင့် မြို့တော်တစ်ဝန်း၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူစုစုပေါင်း ၁၅၇၆၈၁၈ ဦးရှိလာကြောင်း သိရသည်။
ဒေသတွင်းမီဒီယာများ၏ သတင်းထုတ်ပြန် ချက်အရ ရုရှားနိုင်ငံ၌ လက်ရှိတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသူ စုစုပေါင်း ၃၈ ဒသမ ၃ သန်းကျော်ရှိကြောင်း သိရသည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-အလင်းသစ်
n