ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူပေါင်း ၆ ဒသမ ၃၃ သန်းကျော်ရှိလာ

မော်စကို   ဩဂုတ်  ၃


ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရ သူ ၂၂၀၁၀ ထပ်မံတွေ့ရှိခြင်းကြောင့်   ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ပေါင်း ၆၃၃၄၁၉၅ ဦးရှိလာကြောင်း  ရုရှားနိုင်ငံ၏  ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်ရေးနှင့် တုံ့ပြန်ရေးစင်တာက ဩဂုတ် ၃ ရက်တွင် ပြောကြား သည်။


ထို့ပြင် ရုရှားနိုင်ငံ၌ လွန်ခဲ့သည့်တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါ ကြောင့် သေဆုံးသူ ၇၈၈ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကြောင့် သေဆုံးသူပေါင်း ၁၆၀၉၂၅ ဦးရှိလာကြောင်းနှင့်  ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသဖြင့် ဆေးရုံများမှ ဆင်းခွင့်ရရှိသူ ၁၈၉၆၃ ဦးထပ်တိုးလာခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါမှ ပြန်လည်ကျန်းမာလာသူ ပေါင်း ၅၆၅၉၇၄၆ ဦးရှိလာကြောင်း သိရသည်။


မြို့တော်မော်စကိုသည် ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါကူးစက်ခံ ရမှုအများဆုံးဒေသဖြစ်ပြီး လွန်ခဲ့သည့် တစ်ရက်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၉၅၃ ဦးရှိခြင်းကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်ခံ ရသူပေါင်း ၁၅၁၃၈၉၂ ဦးရှိလာကြောင်း သိရသည်။


ရုရှားနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ စတင်ကူးစက်ခံရသည့်အချိန်မှ စတင်ကာ လက်ရှိအချိန်အထိ နိုင်ငံအတွင်းရှိ ပြည်သူ ၁၆၆ သန်းကျော် အား ကိုဗစ်-၁၉ ရောဂါကူးစက်ခံရမှု ရှိ၊ မရှိ စမ်းသပ်စစ်ဆေးနိုင်ခဲ့ကြောင်း သိရသည်။ 


ကိုးကား - ဆင်ဟွာ၊ ဘာသာပြန် - အလင်းသစ်