
နေပြည်တော် ဇန်နဝါရီ ၁၆
ရုရှားနိုင်ငံမှ ဝယ်ယူထားသည့် Sputnik Light ကိုဗစ်-၁၉ ကာကွယ်ဆေး Doses ၅၁၂၀၀၀ သည် ယနေ့နံနက် ၅ နာရီတွင် QATAR လေကြောင်းလိုင်းဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ထပ်မံ ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်ရှိသူများ က လက်ခံရယူခဲ့သည်။
ရုရှားနိုင်ငံမှ ထုတ်လုပ်သည့် Sputnik Light ကာကွယ်ဆေးများသည် လူတစ်ဦးလျှင် တစ်ကြိမ် သာ ထိုးနှံရန်ဖြစ်ပြီး မြန်မာနိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု ပိုမိုလျင်မြန်စွာ လွှမ်းခြုံနိုင်ရေး အတွက် အထောက်အကူဖြစ်စေရန် ဝယ်ယူထား သော Sputnik Light ကိုဗစ်ကာကွယ်ဆေး Doses တစ်သန်းအား ရုရှားနိုင်ငံ မော်စကိုမြို့မှ မြန်မာနိုင်ငံ သို့ နှစ်ကြိမ်ခွဲပြီး ပို့ဆောင်ပေးခဲ့သဖြင့် ပထမ အသုတ် ကာကွယ်ဆေး Doses ၄၈၈၀၀၀ ကို ဇန်နဝါရီ ၁၃ ရက်နှင့် ဒုတိယ အသုတ် ကာကွယ်ဆေး Doses ၅၁၂၀၀၀ ကို ဇန်နဝါရီ ၁၆ ရက် (ယနေ့) တွင် ထပ်မံပို့ဆောင်ပေး ခဲ့ခြင်းသည်။
ဆက်လက် ဖြန့်ဝေသွားမည်
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်း မြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဗဟို ကာကွယ်ဆေး သိုလှောင်ခန်း၌ ထားရှိပြီး တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ဆက်လက် ဖြန့်ဝေသွားမည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်