ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးတို့ တူရကီတွင် တွေ့ဆုံဆွေးနွေး

အန်တယ်ယာ မတ် ၁၀ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂျီလက်ဗ်ရော့ဗ်နှင့် ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး ဒီမိုင်ထရို ကူလီဘာ တို့သည် အပန်းဖြေအနားယူရာ မြို့ငယ်လေး ဖြစ်သည့် တူရကီနိုင်ငံတောင်ပိုင်း အန်တယ်ယာ ပြည်နယ် မြို့တော် ဘီလက်ခ်အပန်းဖြေမြို့လေး၌ တွေ့ဆုံလျက်ရှိကြောင်း ပြည်တွင်းမီဒီယာများတွင် မတ် ၁၀ ရက်က သတင်းဖော်ပြခဲ့သည်။ အဆိုပါအစည်းအဝေးကို တူရကီနိုင်ငံခြားရေး ဝန်ကြီး မက်ဗ်လုခ် ကာဗူဆိုဂလူအား သက်သေထား ပြီး နိုင်ငံတကာအစည်းအဝေး၏ သီးသန့်အစည်း အဝေးအဖြစ် ကျင်းပခဲ့ခြင်းဖြစ်သည်။ အဆိုပါအစည်းအဝေးသည် ဖေဖော်ဝါရီ ၂၄ ရက်က ယူကရိန်းကို ရုရှားစစ်ဆင်ရေးဆင်နွှဲပြီးချိန် မှစတင်ကာ ရုရှားနှင့် ယူကရိန်းတို့အကြား ကျင်းပ ခဲ့သည့် ပထမဆုံး အဆင့်မြင့်အစည်းအဝေးတစ်ခု ဖြစ်ခဲ့သည်။ ဘီလက်ခ်တွင် တွေ့ဆုံဆွေးနွေးပြီးနောက် ဝန်ကြီးသုံးဦးတို့သည် သီးသန့်သတင်းစာရှင်းလင်း ပွဲ ကျင်းပရန် စီစဉ်ထားသည်။ ဘီလက်ခ်သည် အန်တယ်ယာပြည်နယ်မြို့တော်နှင့် ကီလို ၃၀ မီတာ အကွာတွင်တည်ရှိသည့် အပန်းဖြေမြို့တော်လေး တစ်ခုဖြစ်သည်။ ကရင်မလင်ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ် ကော့ဗ်က အဆိုပါအစည်းအဝေးသည် ညှိနှိုင်း ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ရန် အရေး ကြီးသည့် လုပ်ငန်းစဉ်ဖြစ်ကြောင်း ပြောကြားခဲ့ သည်။ လွန်ခဲ့သောသီတင်းပတ်ကတည်းက ယူကရိန်း နှင့် ရုရှားကိုယ်စားလှယ်အဖွဲ့များသည် ငြိမ်းချမ်းရေးဆွေးနွေးပွဲသုံးကြိမ် ကျင်းပခဲ့သည်။ ညှိနှိုင်း ဆွေးနွေးမှုများသည် ပဋိပက္ခအဆုံးသတ်ရန် သိသာ သည့်တိုးတက်မှုများ ထွက်ပေါ်မလာဘဲ အဆုံးသတ် ခဲ့သည်။ ဆင်ဟွာ