ရုရှားနိုင်ငံ၏ အစားအစာနှင့် ဓာတ်မြေသြဇာများ တင်ပို့ရာတွင် အဆင်ပြေချောမွေ့စေရန် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်နှင့် ရုရှားသမ္မတတို့ ဖုန်းဖြင့်ဆွေးနွေး

 

မော်စကို   စက်တင်ဘာ   ၁၅


ကုလသမဂ္ဂအထွေထွေ     အတွင်း  ရေးမှူးချုပ်   အန်တိုနီယို    ဂူတာ ရက်စ်သည်   ရုရှားသမ္မတ  ဗလာ ဒီမာပူတင်နှင့်   စက်တင်ဘာ ၁၄ ရက်တွင်     ဖုန်းဖြင့်   ဆွေးနွေးခဲ့ ကြောင်း၊  ရုရှားနိုင်ငံ အစားအစာ နှင့် ဓာတ်မြေဩဇာတင်ပို့မှုများ နှင့် ပတ်သက်သည့် အတားအဆီး များကို       ဆွေးနွေးခဲ့ကြောင်း     ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က       ပြောကြားသည်။
ဖုန်းဖြင့်     ပြောဆိုမှုအတွင်း ကမ္ဘာ့ဈေးကွက်တွင်     ဓာတ်မြေ  ဩဇာများ ဈေးနှုန်းမြင့်တက်လာ ခြင်းအပေါ်      စိုးရိမ်မိကြောင်း   ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က ပြောကြားသည်။

 


ဖုန်းပြောဆို        ပြီးနောက် ဓာတ်မြေသြဇာဈေးကွက် အကျပ် အတည်းကြောင့်         ယခုနှစ် နှောင်းပိုင်းတွင် မည်သည့်နေရာ တွင်မဆို   စားနပ်ရိက္ခာပြတ်လပ် မှုကို    ဦးတည်နိုင်ကြောင်း  ကုလ သမဂ္ဂ         အတွင်းရေးမှူးချုပ်က ထပ်လောင်းပြောကြားသည်။

 


ကမ္ဘာ့စားနပ်ရိက္ခာ   အကျပ် အတည်းကို   တားဆီးရန်    ရုရှား နိုင်ငံ၏ အစားအစာနှင့် ဓာတ်မြေ သြဇာများ တင်ပို့ရာတွင် အဆင် ပြေချောမွေ့စေရန်         လိုအပ် ကြောင်း   ၎င်းက   ဆက်လက် ပြောကြားသည်။

 


ယင်းတို့နှစ်ဦးသည် ယူကရိန်း နိုင်ငံရှိ   ဇာပိုရီရှာနျူကလီးယား အဏုမြူ ဓာတ်အားပေးစက်ရုံနှင့် ပတ်သက်ပြီး  အခြေအနေများကို လည်း ဆွေးနွေးခဲ့ကြောင်း ကရင် မလင်က ပြောကြားသည်။


အင်န်အိတ်ချ်ကေ