ရုရှားနိုင်ငံဗဟိုဘဏ်နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်တို့အကြား ဘဏ်လုပ်ငန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒုတိယအကြိမ်အစည်းအဝေးကျင်းပ

 

နေပြည်တော်   ဇူလိုင်  ၂၂


ရုရှားနိုင်ငံဗဟိုဘဏ်နှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့အကြား ဘဏ်လုပ်ငန်း  ပူးပေါင်းဆောင်ရွက်မှု ဆိုင်ရာ   ဒုတိယအကြိမ် အစည်းအဝေးကို  ယနေ့မွန်းလွဲ ၂  နာရီခွဲတွင်  ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပ သည်။

 


အစည်းအဝေးသို့ မြန်မာနိုင်ငံ တော်ဗဟိုဘဏ်   ဒုတိယဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနှင့် မြန်မာနိုင်ငံ တော်ဗဟိုဘဏ်မှ    အဆင့်မြင့် အရာထမ်းများ၊ နိုင်ငံပိုင်ဘဏ်များ၊ ပုဂ္ဂလိကဘဏ်များမှ   အဆင့်မြင့် တာဝန်ရှိသူများ၊       ရုရှားနိုင်ငံ ဗဟိုဘဏ်နှင့် ရုရှားနိုင်ငံဘဏ် များမှ  အဆင့်မြင့်အရာထမ်းများ တက်ရောက်ကြသည်။

 


ရှေးဦးစွာ   မြန်မာနိုင်ငံတော် ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်သန်း သန်းဆွေက   အဖွင့်အမှာစကား ပြောကြားသည်။  ဆက်လက်၍ ရုရှားနိုင်ငံဗဟိုဘဏ် Interna-tional Cooperation Depart-ment ၏ Director ဖြစ်သူ Mr. Andrey Lipin က အဖွင့်အမှာ စကားပြောကြားသည်။

 


ထို့နောက် နှစ်နိုင်ငံဘဏ်များ အကြား စာရင်းဖွင့်လှစ်မှုဆိုင်ရာ လုပ်ငန်းစဉ်များနှင့်   စပ်လျဉ်း၍ VTB Bank ၊ Credit Bank of Moscow နှင့် PROMSVYAZBANK တို့မှ      ကိုယ်စားလှယ်များက ရှင်းလင်းပြောကြားသည်။ 

 


ဆက်လက်၍      နှစ်နိုင်ငံ ဗဟိုဘဏ်များမှ      Financial Messaging System of the Bank of Russia (SPFS) အတွက် Infra-structure/Network လိုအပ်ချက် များ၊   Accounts  ဖွင့်လှစ်မှုနှင့် စပ်လျဉ်း၍ မြန်မာဘဏ်များက သိလိုသည့်အချက်များနှင့် SPFS ဖြင့် ဆောင်ရွက်ပါက ပြည်တွင်း သုံးငွေကြေးဖြင့်သာမက   နိုင်ငံ ခြားငွေဖြင့် စာရင်းဖွင့်လှစ်နိုင်မှု တို့ကို အပြန်အလှန် မေးခွန်းများ မေးမြန်းခြင်း၊ ဖြေကြားခြင်းများ ပြုလုပ်၍   အတွေ့အကြုံ  အသိ အမြင်များ ဖလှယ်ခဲ့ကြသည်။

 


ထို့နောက် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဒေါ်သန်း သန်းဆွေနှင့် ရုရှားနိုင်ငံ ဗဟိုဘဏ် မှ Director Mr. Andrey Lipin တို့က    နိဂုံးချုပ်အမှာစကားများ ပြောကြားကြကြောင်း သိရသည်။  

                    
သတင်းစဉ်