ရုပ်ရှင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေ(မူကြမ်း)နှင့်စပ်လျဉ်း၍ အပြီးသတ် ညှိနှိုင်းအစည်းအဝေးကျင်းပ

 

နေပြည်တော်   မေ   ၁၄


ရုပ်ရှင်ဥပဒေကို     ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)နှင့်စပ်လျဉ်း၍ အပြီးသတ် ညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီ တွင်  နေပြည်တော်ရှိ ဥပဒေရေးရာဝန်ကြီး ဌာန       အစည်းအဝေးခန်းမ၌       ကျင်းပ သည်။ 
အစည်းအဝေးသို့ ဥပဒေရေးရာဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စု ရှေ့နေချုပ်   ဒေါက်တာသီတာဦး၊  ဒုတိယ ဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်  ဒေါက်တာ ထိန်လင်းဦး၊   ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး   ဦးရဲတင့်၊   ဥပဒေမူကြမ်း စိစစ်ရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာစန်း၊   ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေး မှူးချုပ်   ဦးအေးကြွယ်၊  ဥပဒေရေးရာ ဝန်ကြီးဌာနနှင့် ပြန်ကြားရေးဝန်ကြီးဌာန တို့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။   
ဆွေးနွေးဆုံးဖြတ်ခဲ့
အစည်းအဝေးတွင် လမ်းညွှန်ချက်နှင့် အညီ ရုပ်ရှင်ဥပဒေကို  ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)အား အပြီးသတ် စိစစ်လေ့လာ ဆွေးနွေးကြပြီး  ရုပ်ရှင်ဥပဒေတွင်  ပြင်ဆင် ရန် လိုအပ်သည့်အချက်များ  တွေ့ရှိရသဖြင့် ရုပ်ရှင်ဥပဒေကို       ပြင်ဆင်သည့်ဥပဒေ (မူကြမ်း)ကို ပြဋ္ဌာန်းရန် လိုအပ်ကြောင်းကို မူအားဖြင့်    သဘောတူပြီး   ပြင်ဆင်၊ ပယ်ဖျက်၊ ဖြည့်စွက်သည့် အခန်းနှင့် ပုဒ်မ များ  များပြားနေသဖြင့်   ယင်းအခန်းနှင့် ပုဒ်မများ     ပြည့်စုံမှန်ကန်မှု   ရှိစေရေးနှင့် ရေးထုံးရေးနည်းမှန်ကန်စေရေးတို့အတွက် ထပ်မံ စိစစ်‌ဆောင်ရွက်သွားရန် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။  

သတင်းစဉ်