
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ်
ကုစားရေးလုပ်ငန်းကော်မတီ
သတင်းထုတ်ပြန်ချက် ( ၁ / ၂၀၂၂ )
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၈ ရက်
၁။ ကိုဗစ်-၁၉ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်း ကော်မတီ၏ အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၂ ) ဆုံးဖြတ်ချက်အရ ရုပ်ရှင်၊ ဂီတ၊ သဘင်၊ စာနယ်ဇင်းနှင့် မီဒီယာများအား ဘဏ္ဍာရေးဆိုင်ရာ အကူအညီပေးအပ်နိုင်ရေးအတွက် ချေးငွေထုတ်ပေးရန် လျှောက်ထား လာသည့် ကုမ္ပဏီ / လုပ်ငန်းများအနက် ပူးတွဲစာရင်းပါ ကုမ္ပဏီ / လုပ်ငန်း (၁၁၆) ခု သို့ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ယူခွင့်ပြုလိုက်သည်။
၂။ ချေးငွေလျှောက်လွှာများကို ဆက်လက် စိစစ်ခွင့်ပြုပေးသွားမည် ဖြစ်ပါကြောင်းနှင့် ချေးငွေထုတ်ယူခွင့် ရရှိသူများအနေဖြင့် ဘဏ်လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်၍ ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆိုခံထားရသည့် လုပ်ငန်းဖြစ်ပါက ချေးငွေများ ထုတ်ပေးမည် မဟုတ်ပါကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။ ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး
သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ