ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၂၃ ခုနှစ်) ပြဋ္ဌာန်း

 

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၂၃ ခုနှစ်) 
(နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥပဒေအမှတ်၊ ၅၆ / ၂၀၂၃)
၁၃၈၅ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ ရက် 
(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်)
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေကို ပြဋ္ဌာန်းလိုက်သည်။
၁။    ဤဥပဒေကို  ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကို ပြင်ဆင်သည့်ဥပဒေ (၂၀၂၃  ခုနှစ်) ဟု  ခေါ်တွင်စေရမည်။
၂။    ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၂ ပုဒ်မခွဲ (ထ) ကို အောက်ပါအတိုင်း အစားထိုးရမည်-
    “(ထ)     ကောင်စီ  ဆိုသည်မှာ  ဤဥပဒေပါ   ရုပ်မြင်သံကြားနှင့်  အသံထုတ်လွှင့်ခြင်းဆိုင်ရာ အကြောင်းအရာ  အချက်အလက်များကို  ကြီးကြပ်စောင့်ကြည့် စီမံဆောင်ရွက်ရန် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီက ဖွဲ့စည်းပေးသည့်  ဥက္ကဋ္ဌနှင့်  အတွင်းရေးမှူး  အပါအဝင်  အဖွဲ့ဝင် ကိုးဦးထက်မပိုသော ရုပ်မြင်သံကြားနှင့် အသံလွှင့်ကောင်စီကို ဆိုသည်။ ”
၃။    ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေပုဒ်မ ၇ ၏ ခြေဆင်းကို အောက်ပါအတိုင်း အစားထိုးရမည်-
    “၇။     အောက်ပါအရည်အချင်းများနှင့်ပြည့်စုံသူကို ကောင်စီဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းရမည်-”
၄။    ရုပ်မြင်သံကြားနှင့်  အသံထုတ်လွှင့်ခြင်းဆိုင်ရာ  ဥပဒေပုဒ်မ ၈ ၏ ခြေဆင်းကို အောက်ပါအတိုင်း အစားထိုးရမည်-
    “၈။     အောက်ပါပုဂ္ဂိုလ်များကို ကောင်စီဝင်အဖြစ် ထည့်သွင်းဖွဲ့စည်းခြင်း မပြုရ-”
၅။    ဤဥပဒေသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များ နှင့်အညီ  တာဝန်များပြီးမြောက်ပြီးနောက်  ကျင်းပသည့်ရွေးကောက်ပွဲအရ  ပြည်ထောင်စုအစိုးရအဖွဲ့ ကို ဖွဲ့စည်းပြီးသည့်နေ့ရက်အထိ အာဏာတည်ရမည်။
၆။    ဤဥပဒေ အာဏာတည်လျက်ရှိနေသမျှ  ကာလပတ်လုံး ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဆိုင်ရာဥပဒေ အခန်း (၄) တွင် ပါရှိသော ပုဒ်မ ၉၊ ၁၀၊ ၁၁၊ ၁၂၊ ၁၃ နှင့် အခန်း(၅) တို့ကို ရုပ်သိမ်းထား ဘိသကဲ့သို့ မှတ်ယူစေရမည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ  ၄၁၉  အရ  ကျွန်ုပ်လက်မှတ် ရေးထိုးသည်။

   ပုံ)
    မင်းအောင်လှိုင် 
    ဗိုလ်ချုပ်မှူးကြီး
    ဥက္ကဋ္ဌ
    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ