
စစ်ကိုင်း နိုဝင်ဘာ ၂၁
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ညွှန်ကြားမှု၊ တိုင်းဒေသကြီး ပြန်ကြား ရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၏ ကြီးကြပ်မှုဖြင့် အခြေခံကွန်ပျူတာ သင်တန်း အမှတ်စဉ် (၃/ ၂၀၂၃) ကို စစ်ကိုင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ နိုဝင်ဘာ ၁၅ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ ဖွင့်လှစ်သင်ကြား ပေးလျက်ရှိသည်။
သင်တန်းဖွင့်ပွဲတွင် စစ်ကိုင်းခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဆင့် က အမှာစကားပြောကြားပြီး ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှူး ဦးအောင်အောင်ထွေးက အခြေခံကွန်ပျူတာသင်တန်း (၃/၂၀၂၃)တွင် ဌာနဆိုင်ရာဝန်ထမ်းများကို ဦးစား ပေး၍ ပို့ချပေးခြင်းဖြစ်ကြောင်း၊ အခြေခံ ကွန်ပျူတာပညာရပ်များကို ဝန်ထမ်းများ ကျွမ်းကျင်စွာ တတ်မြောက်ထားမှသာ လျှင် ရုံးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်မည် ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါ သင်တန်းကို နိုဝင်ဘာ ၁၅ ရက်မှစ၍ သင်တန်းကာလ တစ်လ ကြာ သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား သင်တန်းသူ ၂၀ တက်ရောက် သင်ကြားလျက်ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်(ပြန်/ဆက်)