ရတနာပုံတက္ကသိုလ်တွင် ကာယဗလမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲ ကျင်းပ

 

မန္တလေး  ဇန်နဝါရီ   ၂၁


ပညာရေးဝန်ကြီးဌာန  အဆင့်မြင့်ပညာဦးစီး ဌာန    ရတနာပုံတက္ကသိုလ်   ကာယဗလနှင့် ကာယအလှဆပ်ကော်မတီက ကြီးမှူးကျင်းပ သည့်  ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ် ပေါင်းစုံ ကာယဗလမောင်နှင့်ကာယအလှမယ် ပြိုင်ပွဲကို   ဇန်နဝါရီ  ၁၉ ရက်က   အဆိုပါ တက္ကသိုလ်၌ ကျင်းပရာ ပါမောက္ခချုပ် ဒေါက်တာ   တင့်မိုးသူဇာက  အမှာစကား ပြောကြားသည်။     
ပြိုင်ပွဲတွင်           ဘာသာရပ်အသီးသီးမှ ကိုယ်စားပြု ကျောင်းသား ကျောင်းသူများကသတ်မှတ်ကိုယ်ဟန်တို့ဖြင့်      ပါဝင်ယှဉ်ပြိုင် ကြရာ     ဒိုင်အဖွဲ့တို့က       အကဲဖြတ်အမှတ်ပေး ရွေးချယ်ပေးသည်။

 


ကာယဗလမောင်ပြိုင်ပွဲတွင်   ဇီဝဓာတု ဗေဒမှ မောင်ပိုင်စိုးခန့်က ပထမ၊ ဥပဒေပညာမှ မောင်လင်းကိုဦးက ဒုတိယနှင့်  နိုင်ငံတကာ ဆက်ဆံရေးပညာမှ မောင်ရင်ထန်မင်အောင် က   တတိယရရှိကြပြီး  ကာယအလှမယ် (အငယ်တန်း)တွင် ဓာတုဗေဒမှ  မဇင်မီမီကျော် က ပထမ၊   ဇီဝဗေဒမှ   မအိမြတ်နိုးအောင်က ဒုတိယ၊  ဥပဒေပညာမှ    မမေကြယ်စင်ဖြိုး က   တတိယရရှိသည်။  ကာယအလှမယ် (အကြီးတန်း)   ပြိုင်ပွဲတွင်  ဥပဒေပညာမှ  မထက်ယဉ်နွယ်ထွန်းက  ပထမ၊ ရူပဗေဒမှ မအိန္ဒြာသင်းက ဒုတိယ၊ နိုင်ငံတကာဆက်ဆံ ရေးပညာမှ မသဲနုဇော်ဇော်က တတိယရရှိကြ ရာ    ရတနာပုံတက္ကသိုလ်   ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ် များနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ် ချီးမြှင့်ကြကြောင်း သိရသည်။


တင်မောင်(မန္တလေး)