မန္တလေး ဩဂုတ် ၂၇
ပညာရေးဝန်ကြီးဌာန၊ အဆင့် မြင့် ပညာဦးစီးဌာန၊ ရတနာပုံ တက္ကသိုလ်၌ ကျောင်းသား ကျောင်းသူ လူငယ်များအနေဖြင့် ဒီမိုကရေစီအသိနှင့် ယဉ်ကျေးမှု အမွေအနှစ်များ၊ ဘာသာစကား၊ အတွေးအခေါ်၊ ဓလေ့စရိုက်၊ ဝတ်စားဆင်ယင်ထုံးဖွဲ့မှု၊ အမျိုး သားရေးသွင်ပြင်များကို ထိန်း သိမ်း မှတ်သားလိုက်နာတတ်စေ ရန် ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ရွေးကောက်ပွဲ ဥပဒေအကြောင်း သိကောင်းစရာ များ (ဒုတိယအကြိမ်) ပို့ချချက်ကို ယမန်နေ့က အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ပြုလုပ်ရာ ဘာသာရပ်အသီးသီးမှ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၇၈၀ တက်ရောက် သည်။
ဥပဒေပညာဌာနမှ ပါမောက္ခ (ဌာနမှူး) ဒေါက်တာ ခင်မျိုးသန့် က ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ အကြောင်းအရာများ၊ ရွေးကောက် ပွဲ ဥပဒေအကြောင်း သိကောင်း စရာများ၊ ဥပဒေပြုရေးမဏ္ဍိုင်၊ အုပ်ချုပ်ရေးမဏ္ဍိုင်၊ တရားစီရင် ရေးမဏ္ဍိုင်၊ မဲဆန္ဒရှင်တစ်ဦး၏ အခွင့်အရေးများ၊ မဲစာရင်းတွင် အမည်ပါရှိရေး ဆောင်ရွက်ရန် အချက်များ၊ ကြိုတင်မဲပေးနိုင် သူများ၊ မဲဆန္ဒနယ် ပြင်ပရောက် ကြိုတင်ဆန္ဒမဲ ပေးခွင့်ရှိသူများ လိုက်နာရမည့် အချက်များ၊ ကြိုတင်ဆန္ဒမဲပေးခြင်း နည်းလမ်း များ၊ ကြိုတင်ဆန္ဒမဲလက်မှတ် ဖြင့် မဲမပေးဖြစ်သူများ၊ မဲဆန္ဒရှင် တစ်ဦး ဆောင်ရန်အချက်များ၊ မဲဆန္ဒရှင် တစ်ဦး မှတ်သားရန် အချက်များနှင့် ပြစ်မှုပြစ်ဒဏ်များ အကြောင်းတို့ကို ပို့ချဆွေးနွေးပြီး တက်ရောက်လာကြသည့် ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်း သူများက သိရှိလိုသည်များကို အပြန်အလှန် မေးမြန်းဆွေးနွေး ကြကြောင်း သိရသည်။
တင်မောင်-မန်း