
မန္တလေး ဇူလိုင် ၁၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ် ရတနာပုံတက္ကသိုလ် ဘာသာရပ် ပေါင်းစုံ (အမျိုးသား၊ အမျိုးသမီး) ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၃ နာရီက အဆိုပါတက္ကသိုလ် ဘောလုံး အားကစားကွင်း၌ ကျင်းပသည်။
ယှဉ်ပြိုင်ကစား
အုပ်စုပွဲစဉ် ပြိုင်ပွဲများကို ဘာသာရပ်ပေါင်းစုံမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၀ သင်း၊ အမျိုးသမီးအသင်း သုံးသင်းဖြင့် ရက်သတ္တနှစ်ပတ်ကြာ ယှဉ်ပြိုင် ကစားခဲ့ပြီး ဗိုလ်လုပွဲစဉ်အဖြစ် ရူပဗေဒအသင်းနှင့် ညွန့်ပေါင်း (ဂ) အသင်းတို့ ယမန်နေ့က ယှဉ်ပြိုင်ကစားရာ ကစားချိန် မိနစ် ၉၀ အတွင်း နှစ်ဂိုးစီ သရေဖြင့် ယှဉ်ပြိုင်ကစားကြပြီး ပယ်နယ်တီ အဆုံးအဖြတ် ကန်သွင်းရာတွင် ညွန့်ပေါင်း (ဂ)အသင်းက လေးဂိုး - သုံးဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ ဘောလုံးပြိုင်ပွဲကျင်းပ ရေး ဆပ်ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာဒေါ်ခင်ဝင်းက မန္တလေး တိုင်းဒေသကြီး ဘောလုံးဒိုင်များ နှင့် အမရပူရခရိုင် ကြက်ခြေနီ အဖွဲ့ဝင်များကို အမှတ်တရ လက်ဆောင်များ ချီးမြှင့်သည်။ ထို့နောက် ဘောလုံးပြိုင်ပွဲကျင်းပ ရေး ဆပ်ကော်မတီ ဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းနိုင်၊ အားကစားနှင့် ကာယပညာသိပ္ပံ (မန္တလေး) မှ ညွှန်ကြားရေးမှူးနှင့် တိုင်းဒေသ ကြီးအား/ကာ ဒုတိယညွှန်ကြား ရေးမှူးတို့က အမျိုးသမီးပြိုင်ပွဲနှင့် အမျိုးသားပြိုင်ပွဲတွင် နေရာ အလိုက် အကောင်းဆုံးဆု ရရှိသူ များကို ဆုများအသီးသီး ပေးအပ် ချီးမြှင့်သည်။
တံခွန်စိုက်ဆုချီးမြှင့်
ထို့နောက် အမျိုးသမီးပြိုင်ပွဲ တွင် ဒုတိယဆုရ ညွန့်ပေါင်း အသင်းကို တစ်ဦးချင်းဆုများနှင့် ငွေသားဆုကို ဒုတိယပါမောက္ခ ချုပ် ဒေါက်တာ ခင်မော်မော်စိုးက လည်းကောင်း၊ အမျိုးသားပြိုင်ပွဲ တွင် တတိယဆုရ ဥပဒေပညာ အသင်းကို တစ်ဦးချင်း ဆုများနှင့် ငွေသားဆုကို ဒုတိယပါမောက္ခ ချုပ် ဒေါက်တာ မြင့်မြင့်ဦးက လည်းကောင်း၊ ဒုတိယဆုရ ရူပဗေဒအသင်းအား တစ်ဦးချင်း ဆုများနှင့် ငွေသားဆုကို ဒုတိယ ပါမောက္ခချုပ် ဒေါက်တာဦးခင်မြို့ တို့က ဆုများ ပေးအပ်ချီးမြှင့်ပြီးနောက် အမျိုးသမီးပြိုင်ပွဲတွင် ပထမဆုရ အားကစားပညာ အသင်းနှင့် အမျိုးသားပြိုင်ပွဲတွင် ပထမဆုရ ညွန့်ပေါင်း (ဂ) အသင်း တို့မှ အားကစားသမားများကို တစ်ဦးချင်းဆုတံဆိပ်၊ တံခွန်စိုက် ဖလားနှင့် ငွေသားဆုတို့ကို ရတနာပုံတက္ကသိုလ် ပါမောက္ခ ချုပ် ဒေါက်တာ တင့်မိုးသူဇာက ပေးအပ်ချီးမြှင့်ကြောင်း သိရ သည်။
တင်မောင်- မန္တလေး