ရသေ့တောင်မြို့နယ်ရှိ မုန်တိုင်းရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာများထောက်ပံ့

 

ရသေ့တောင်   မေ  ၁၃


ရခိုင်ပြည်နယ်        ရသေ့တောင် မြို့နယ်တွင် ရခိုင်ပြည်နယ်အစိုးရ အဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ အစီအစဉ်ဖြင့် မုန်တိုင်း ခိုလှုံရာနေရာများရှိ   ပြည်သူများ အတွက် စာနပ်ရိက္ခာများ ထောက်ပံ့ ပေးအပ်ခြင်းနှင့် ကူညီကယ်ဆယ် ရေးအဖွဲ့များနှင့်      ဌာနဆိုင်ရာ တာဝန်ရှိသူများအား    အသက် ကယ်အင်္ကျီများ ထုတ်ပေးခြင်းကို ယနေ့နံနက်ပိုင်းက        မြို့နယ် အားကစားခန်းမ၌    ဆောင်ရွက် သည်။

 


ထိုသို့      ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်လင်းထက်နှင့်      မြို့နယ် စီမံအုပ်ချုပ်ရေး      အဖွဲ့ဝင်များ၊ ကြက်ခြေနီ      တပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များက စာသင်ကျောင်းများ၊     ဘုန်းကြီး ကျောင်းများ၌      မုန်တိုင်းခိုလှုံ နေထိုင်ကြစဉ်      ကာလအတွင်း ပြည်သူများ    စားရေရိက္ခာဖူလုံ စေရေးအတွက်  ဆန် ၂၉ အိတ်၊ ငါးဂါလန်ဝင်ဆီပုံး  ခုနစ်ပုံး၊   ငါးပိ ခုနစ်ပိဿာ၊    ဆား  ခုနစ်ပိဿာ တို့ကို ထောက်ပံ့ပေးအပ်ကြောင်း   သိရသည်။


ရသေ့တောင်(ပြန်/ဆက်)