
ရသေ့တောင် မေ ၁၁
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ အသက်မွေး ဝမ်းကျောင်းအထောက်အကူပြု အခြေခံအပ်ချုပ် သင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
သင်တန်းဖွင့်ပွဲတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးတင် မောင်ဦးက ဌာန၏ လက်ရှိလုပ်ငန်းဆောင်ရွက်နေ မှုအခြေအနေများ၊ သင်တန်းဖွင့်လှစ်ခြင်း၏ ရည်ရွယ် ချက်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြား သည်။
ထို့နောက် သင်တန်းနည်းပြ ဒေါ်ခင်မြသန်းက အပ်ချုပ်ပညာရပ် တတ်မြောက်ခြင်း၏ အကျိုးကျေးဇူး များ၊ သင်တန်းနှင့်သက်ဆိုင်သော သင်ခန်းစာများ အား ရှင်းလင်းဆွေးနွေးသည်။
အဆိုပါသင်တန်းအား ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီးသင်တန်းသူ အမျိုးသမီး ၂၀ တက်ရောက်ကာ အခြေခံအပ်ချုပ်နည်းပညာ ဘာသာရပ်များကို ရက်ပေါင်း ၂၁ ရက်ကြာ စာတွေ့လက်တွေ့ဖြင့် စနစ်တကျ အခမဲ့သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။
ထွန်းလင်းကျော်(ပြန်/ဆက်)