
ရသေ့တောင် ဒီဇင်ဘာ ၂၉
ရခိုင်ပြည်နယ် ရသေ့တောင်မြို့၌ အောက်ဆီဂျင်စက်ရုံ ဖြစ်မြောက် ရေးအတွက် အလှူငွေများ ထည့်ဝင် လှူဒါန်းပေးခဲ့ကြသည့် အလှူရှင်များအား ဂုဏ်ပြုလွှာ များ ပေးအပ်ပွဲကို ယနေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ကျင်းပ သည်။
အခမ်းအနားတွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနိုင် လင်းထက်က အမှာစကား ပြောကြားပြီး အောက်ဆီဂျင် စက်ရုံ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဦးသန်းနိုင်နှင့် ဘဏ္ဍာ ရေးမှူး ဦးဦးသာဇံတို့က စက်ရုံ ဖြစ်မြောက်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်ချက်များနှင့် ရငွေ၊ သုံးငွေစာရင်းများကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် အောက်ဆီဂျင် စက်ရုံဖြစ်မြောက်ရေးကော်မတီ မှ ရသေ့တောင်မြို့နယ်အတွင်း တိုက်နယ်ဆေးရုံများနှင့် ကျေးလက် ကျန်းမာရေး ဌာနခွဲများသို့ အောက်ဆီဂျင်အိုးများ ပေးအပ် သည်။ ယင်းနောက် အောက်ဆီဂျင် စက်ရုံ ဖြစ်မြောက်ရေးအတွက် ပါဝင်လှူဒါန်းခဲ့ကြသည့် အလှူရှင် များသို့ ဂုဏ်ပြုမှတ်တမ်းလွှာများ အား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ စက်ရုံ ဖြစ်မြောက်ရေး ကော်မတီဥက္ကဋ္ဌ နှင့် တာဝန်ရှိသူများက ပေးအပ် ကြသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံ ကို ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များ နှင့် ပြည်တွင်း/ပြည်ပစေတနာရှင် ပြည်သူများ ထည့်ဝင်လှူဒါန်း ငွေများဖြင့် တည်ဆောက်ခဲ့ပြီး တစ်ရက်လျှင် အောက်ဆီဂျင် လီတာ ၄၀ ဆံ့အိုး ၇၆ လုံး ထုတ်လုပ်နိုင်ကာ မြို့နယ်အတွင်း တိုက်နယ်ဆေးရုံများနှင့် ကျေး လက် ကျန်းမာရေးဌာနခွဲများသို့ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရ သည်။
အောင်စံထွန်း(ပြန်/ဆက်)