ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင်များက PDF အမည်ခံအကြမ်းဖက်သမားနှစ်ဦးအား အရှင်လတ်လတ် မီးရှို့သတ်ဖြတ်သည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်

နေပြည်တော် ဖေဖော်ဝါရီ  ၇
တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာ များတွင်   လူနှစ်ဦးအား   အရှင် လတ်လတ်  မီးရှို့သတ်ဖြတ်နေ သည့် ရုပ်သံဖိုင်အား ဖြန့်ဝေလျက် ရှိပြီး   ၎င်းလုပ်ရပ်အား   ရပ်ရွာ ကာကွယ်ရေး   အဖွဲ့ဝင်များက ကျူးလွန်ခြင်းဖြစ်သည်ဟု ရေးသား ဖော်ပြလျက်ရှိသည်။
၎င်းဖြစ်စဉ်နှင့်   ပတ်သက်၍ နယ်မြေခံလုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ဒေသခံများထံမှ စုံစမ်းသိရှိရသည့် သတင်းရင်းမြစ်အချို့အရ  ၂၀၂၃ ခုနှစ်    နိုဝင်ဘာလပထမအပတ် အတွင်း၌ မကွေးတိုင်းဒေသကြီး ဂန့်ဂေါမြို့နယ်  မြောက်ခင်ရန်း ကျေးရွာတွင် လုံခြုံရေးဆောင်ရွက် လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင် များ၊ ရပ်ရွာကာကွယ်ရေးအဖွဲ့ဝင် များအား PDF အမည်ခံ အကြမ်း ဖက်သမားများက   လာရောက် တိုက်ခိုက်ခဲ့ပြီး အကျအဆုံးများစွာ ဖြင့်   ဆုတ်ခွာထွက်ပြေးသွားခဲ့ ကြောင်းနှင့်  အကြမ်းဖက်သမား များအား အရှင်ဖမ်းဆီးရမိခဲ့ခြင်း မရှိကြောင်း ကနဦးသိရှိရသည်။ 
ဆက်လက်စိစစ်ချက်များအရ လူမှုကွန်ရက်     စာမျက်နှာများ၌ ဖြန့်ဝေလျက်ရှိသည့် ရုပ်သံဖိုင်၌ ရက်ရက်စက်စက် သတ်ဖြတ်ခံရ သူနှစ်ဦးမှာ PDF အမည်ခံ အကြမ်း ဖက်သမားများဖြစ်ကြောင်း သိရှိ ရပြီး၎င်းတို့အချင်းချင်း နယ်မြေလု ခြင်း၊ ငွေကြေးအရှုပ်အရှင်းများ ရှိခြင်းနှင့် အကြမ်းဖက်လုပ်ရပ် များကို  ဆက်လက်မလုပ်ဆောင် လိုခြင်း စသည့်   အကြောင်းခြင်းရာ များကြောင့်   အချင်းချင်း    စိတ် သဘောထား   မတိုက်ဆိုင်သဖြင့်  ၎င်းတို့ အချင်းချင်း   ယခုကဲ့သို့   လုပ်ကြံ   သတ်ဖြတ်ခဲ့ခြင်းဖြစ် ကြောင်းနှင့် ထိုကဲ့သို့   လုပ်ဆောင် ခဲ့ခြင်းကို ရပ်ရွာကာကွယ်ရေးအဖွဲ့ ဝင်များက    လုပ်ဆောင်ခဲ့သည့် အသွင်ဖြင့် လုပ်ကြံဖန်တီးရိုက်ကူး ထားသည့်    ရုပ်သံဖိုင်တစ်ခုသာ ဖြစ်ကြောင်း သိရှိရသည်။
PDF အမည်ခံအကြမ်းဖက် သမားများအနေဖြင့်  ၎င်းတို့နှင့် သဘောထား မတိုက်ဆိုင်သူများ နှင့်      ၎င်းတို့အလိုကိုလိုက်၍ လိုက်ပါဆောင်ရွက်ခြင်း    မရှိသူ များအား အကြောက်တရားများ လွှမ်းမိုးစေရန် အများပြည်သူများ ရှေ့မှောက်၌  တာယာကွင်းစွပ်၍ မီးရှို့သတ်ဖြတ်ခြင်း၊   လည်လှီး သတ်ဖြတ်ခြင်း၊ ဝါးရင်းတုတ်ဖြင့် ရိုက်သတ်ခြင်း၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်ခြင်း       စသည့် လူမဆန်သည့်    အကြမ်းဖက် လုပ်ရပ်များအား ကျူးလွန်လျက်ရှိ သည်ကိုလည်း မကြာခဏဆိုသလို လူမှုကွန်ရက်   စာမျက်နှာများ၌ စိတ်နှလုံးမချမ်းမြေ့ဖွယ် တွေ့မြင် နေရသည်။
PDF အမည်ခံ  အကြမ်းဖက် သမားများအနေဖြင့်    ထိုကဲ့သို့  လူမဆန်သော ရက်စက်ယုတ်မာ သည့်      အကြမ်းဖက်လုပ်ရပ် လုပ်ဆောင်နေမှုများကို  လုံခြုံရေး တပ်ဖွဲ့ဝင်များက လုပ်ဆောင်နေ သည့်အသွင်ဖြင့်  နိုင်ငံတကာနှင့် ပြည်သူလူထုမှ   အထင်အမြင် လွဲမှားစေရန် တရားမဝင်ပြည်ဖျက် မီဒီယာများက        အချိန်အခါကိုက် သတင်းတု၊    သတင်းမှားများအား ဖြန့်ဝေနေခြင်းသာ    ဖြစ်ကြောင်း သတင်းရရှိသည်။      သတင်းစဉ်