ရန်ုကုန်တိုင်းဒေသကြီး အင်းစိန်ဗဟိုအကျဉ်းထောင်၌ အချုပ်သား ၆၁၀ အား  ကိုဗစ်-၁၉ ‌ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေး

 

ရန်ကုန်  ဇူလိုင်  ၂၈


လတ်တလော   ဖြစ်ပေါ်နေသော     ကိုဗစ်-၁၉ ရောဂါ   တတိယလှိုင်းကာလတွင်   ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးနှင့်       ပျံ့နှံ့မှုမရှိစေရေးအတွက် မြန်မာနိုင်ငံအနေဖြင့်  ပြည်ပမှ  ဝယ်ယူရောက်ရှိလာ သော   ကာကွယ်ဆေးများ   စတင်ထိုးနှံမှု ဆောင်ရွက် လျက်ရှိရာ   ရန်ကုန်တိုင်းဒေသကြီး   အင်းစိန်ဗဟို အကျဉ်းထောင်အတွင်းရှိ   အကျဉ်းသား/ အချုပ် သား ၆၁၀ အား  ယနေ့နံနက်ပိုင်းတွင် စတင်ထိုးနှံပေး ခဲ့ကြောင်း အင်းစိန်ဗဟိုအကျဉ်းထောင်မှ သိရသည်။

 


ကာကွယ်ဆေးထိုးဖို့ ဆန္ဒပြု


“ကိုဗစ်-၁၉ ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ဒီနေ့ အင်းစိန်ဗဟိုအကျဉ်းထောင်က  အကျဉ်းသားတွေကို ပထမဆုံး   စတင်ထိုးနှံပေးတာဖြစ်ပါတယ်။   အရင် ပထမလှိုင်းနဲ့ ဒုတိယလှိုင်းတုန်းကတော့  မထိုးဖြစ်ခဲ့ ဘူး။    အခုလည်း  ထောင်အတွင်း အကျဉ်းသားတွေ အနေနဲ့   ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုတော့ မရှိသေးဘူး။  ဒါပေမယ့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဒီကနေ့   ကနဦး  ထိုးနှံပေးတာ     ဖြစ်ပါတယ်။ အကျဉ်းသား/ အချုပ်သား   ဆန္ဒပြုတဲ့သူနဲ့ ဆေးထိုးဖို့ အကျုံးဝင်တဲ့သူအားလုံးကို     စာရင်းကောက်ခံပြီး ထိုးနှံပေးသွားမှာပါ။   တချို့ကလည်း  ရောဂါလက်ခံ အခြေအနေတစ်ရပ်ရပ်ကြောင့်   မထိုးကြတဲ့သူတွေ လည်းရှိတယ်။  အခုလတ်တလောမှာတော့ ကာကွယ် ဆေးထိုးဖို့  ဆန္ဒပြုထားတဲ့သူ ၂၅၀၀ ကျော် ရှိပါတယ်။ စာရင်းပေးထားတဲ့   အားလုံးကိုတော့ ကာကွယ်ဆေး 
ထိုးနှံပေးသွားမှာပါ” ဟု   အင်းစိန်ဗဟိုအကျဉ်းထောင် မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။


ထပ်မံထိုးနှံပေးသွားမည်


အင်းစိန်ဗဟိုအကျဉ်းထောင်အတွင်းရှိအကျဉ်းသား/  အချုပ်သားများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ယခုကဲ့သို့  ထိုးနှံပေးခြင်းသည် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ၏    လမ်းညွှန်မှု၊     ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  ကြီးကြပ်မှုတို့ဖြင့် အကျဉ်း ဦးစီးဌာနမှ   တာဝန်ယူကာ   စတင်ထိုးနှံပေးခြင်းဖြစ် သည်။
အဆိုပါ    ကိုဗစ်-၁၉   ကာကွယ်ဆေးထိုးနှံမှုကို အင်းစိန်ထောင်အတွင်း  ဆေးရုံ၌ပင် အကျဉ်းထောင် ဆရာဝန်ကြီးများနှင့်  သူနာပြုဆေးဝန်ထမ်းများက အကျဉ်းသား/ အချုပ်သား  အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၆၁၀ ကို ကြိုတင်ကျန်းမာရေး ဆေးစစ်မှု များ ပြုလုပ်ကာ  ယနေ့ နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီအထိ   ထိုးနှံပေးခဲ့ခြင်းဖြစ်ပြီး   ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏   ဆေးဖြန့်ဝေရရှိ မှုအပေါ် မူတည်ကာ   နောက်ရက်များတွင်လည်း   ကိုဗစ်-၁၉ ကာကွယ်ဆေးကို     ထပ်မံထိုးနှံပေးသွားမည်ဖြစ် ကြောင်း သိရသည်။


ဝိုင်းဝန်းပူးပေါင်းကူညီ


အဆိုပါ  အင်းစိန်ဗဟိုထောင်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးမှုတွင်      အကျဉ်းဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူး    ညွှန်ကြားရေးမှူး ဦးဇော်ဇော်၊  အင်းစိန်ဗဟိုအကျဉ်းထောင်  တာဝန်ခံ အရာရှိ  ဒုတိယညွှန်ကြားရေးမှူး  ဦးဇော်လင်းအောင်၊ အကျဉ်းထောင်ဆေးရုံမှ  ဆေးရုံအုပ် လက်ထောက် ညွှန်ကြားရေးမှူး ဒေါက်တာစံလင်းထွန်းနှင့် ဆရာဝန် များ၊ သူနာပြုများ၊   ကျန်းမာရေးမှူးများ၊   ဆေးမှူး များနှင့်  တာဝန်ရှိသူများ တက်ရောက်ကာ ဝိုင်းဝန်း ပူးပေါင်း ကူညီဆောင်ရွက်ခဲ့ကြသည်။  

 


လတ်တလောတွင်   ရန်ကုန်မြို့   အင်းစိန်ဗဟို အကျဉ်းထောင်၌       အကျဉ်းသား/  အချုပ်သား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၉၀၀၀ ကျော်ရှိပြီး ကာကွယ်ဆေးထိုးနှံမည့်     စာရင်းပေးသူများမှာ စုစုပေါင်း ၂၅၀၀ ကျော်ရှိကြောင်း သိရသည်။

 


 မြင့်မိုရ်၊ 
ဓာတ်ပုံ- မိုးမခ