ရန်ပုံငွေလုံလောက်မှုမရှိခြင်းကြောင့် ဒေသဆိုင်ရာရွေးကောက်ပွဲ ရွှေ့ဆိုင်းရန် သီရိလင်္ကာ ထုတ်ပြန်ကြေညာ

 

ကိုလံဘို ဖေဖော်ဝါရီ ၂၅


ရွေးကောက်ပွဲများကျင်းပရန် ရန်ပုံငွေလုံလောက်မှုမရှိသည့်အတွက် မတ် ၉ ရက်တွင် ကျင်းပရန် လျာထားသော ဒေသဆိုင်ရာရွေးကောက်ပွဲ များကို ရွှေ့ဆိုင်းရန် ဖေဖော်ဝါရီ ၂၄ ရက်တွင် သီရိလင်္ကာနိုင်ငံက ထုတ်ပြန်ကြေညာလိုက်ကြောင်း  သိရသည်။  

 


ရွေးကောက်ပွဲများ ကျင်းပမည့် ရက်အသစ်ကို မတ် ၃ ရက်တွင် ထုတ်ပြန်ကြေညာသွားမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ပြောသည်။ ရန်ပုံငွေ လုံလောက်မှုမရှိသောကြောင့် မတ် ၉ ရက်တွင် ဒေသဆိုင်ရာ   ရွေးကောက်ပွဲများ   ကျင်းပပြုလုပ်ရန်   အလွန်ခက်ခဲ ကြောင်း ရွေးကောက်ပွဲကော်မရှင်က   တရားရုံးချုပ်သို့    တင်ပြထားခြင်း  ဖြစ်သည်။                                                                                                                     
ဆင်ဟွာ