
ဘွဲ့ရအမျိုးသမီးဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၀)
သင်တန်းဆင်းဂုဏ်ပြုကဗျာ
á မ တစ်ထောင်၊ တစ်ကောင်ဖွားတဲ့
အမျိုးသမီးစစ်သည်၊ ဘာမထီ
တိုင်းပြည်ရန်စွယ်၊ ကာကွယ်မည်မှန်း
လျှောက်လှမ်းခဲ့ပြီ၊ ထိုလမ်းဆီသို့ ...။
á အမျိုးသမီးအားမာန်၊ ဇွဲစိတ်သန်၍
မိနိုင်ငံတွက်၊ တို့ပေးဆက်မည်
တစ်ဖက်တစ်လက်၊ မ, တို့လက်တွေ
ပုခက်လွှဲလက်၊ လက်နက်ကိုင်မည်
ရွေးချယ်ကာမှန်း၊ တို့လှမ်းခဲ့ပြီ
အနာဂတ်မှန်း၊ ထိုလမ်းဆီသို့ ...။
á ကျန်းမာကြံ့ခိုင်၊ ကျွမ်းကျင်ယုံကြည်
စွမ်းရည်သုံးရပ်၊ ဖြောင့်မတ်ခိုင်တည်
မ, တို့စွမ်းအင်၊ ဂုဏ်မြှင့်တင်မည်
ပါဝင်လျှောက်လှမ်း၊ ထိုလမ်းဆီသို့ ...။
á တပ်နှင့်ပြည်သူ၊ လက်တွဲကူ၍
တူညီစိတ်ဝမ်း၊ ထိုလမ်းဆီမှာ ...။
á အေးချမ်းသာယာ၊ ဝေဖြာတိုးတက်
တွဲလက်ညီညီ၊ ထိုလမ်းဆီမှာ ...။
á နိုင်ငံအဝှမ်း၊ ငြိမ်းချမ်းသာယာ
ကမ္ဘာ့အလယ်၊ တည်ဝင့်ထည်သော
အမိမြန်ပြည်၊ ထိုလမ်းဆီမှာ ...။ ။
သီရိပြည့်စုံမေ