ရန်ကုန်ဝါးတားဘတ်စ်ကို အောက်တိုဘာ ၁ ရက်တွင် ပြန်လည်ပြေးဆွဲမည်

 

ရန်ကုန်   ဇူလိုင်   ၂၂ 


နှစ်နှစ်ကျော်ကြာ ရပ်နားထားခဲ့သော   Yangon   Water Bus ကို အောက်တိုဘာ ၁ ရက်တွင် ပြန်လည်ပြေးဆွဲမည်ဖြစ်ကြောင်း ဇူလိုင် ၂၁ ရက်က  ရန်ကုန်မြို့ Hotel Melia  ၌  ပြုလုပ်သည့်   စာနယ်ဇင်း ရှင်းလင်းပွဲမှ သိရသည်။

 


“ကျွန်မတို့ Yangon Water Bus ကို ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် အကောင်အထည်ဖော်  ဆောင်ရွက်လျက်ရှိပါတယ်။  အများပြည်သူ အပန်းဖြေရန်  ခရီးတိုလမ်းကြောင်းများလည်း ၇၅ ရာခိုင်နှုန်း  ရေးဆွဲ ပြင်ဆင်ပြီးနေပါပြီ။  သက်ဆိုင်ရာဌာနများနဲ့ ချိတ်ဆက်ပြီး ပြန်လည် ပြေးဆွဲနိုင်ရေး လုပ်ဆောင်လျက်ရှိပါတယ်” ဟု Yangon Water Bus တည်ထောင်သူ  ဒေါ်တင့်တင့်လွင်က ပြောသည်။

 


ပြေးဆွဲမည့် ပဏာမလမ်းကြောင်းမှာ  ဗိုလ်တထောင်၊ ပန်းဆိုး တန်း၊ လမ်းသစ်၊ ဆာပါချောင်၊ အံ့ကြီးမှတ်တိုင်များဖြစ်ပြီး ငွေပေးချေ ခြင်းအတွက် K PAY, CB PAY, WAVE PAY တို့ကို အသုံးပြုမည်ဖြစ်ကြောင်း၊ Yangon Water Bus  ခရီးစဉ်တွင် အများပြည်သူအတွက် အ‌ကောင်းဆုံး ပြန်လည်၍ ၀န်ဆောင်မှုပေးမည်ဖြစ်ကြောင်းလည်း ၎င်းက ဆက်လက် ပြောကြားသည်။ Yangon Water Bus  ကို  ၂၀၁၇ ခုနှစ် အောက်တိုဘာလ က  စတင်ပြေးဆွဲခဲ့ကြောင်း သိရသည်။                  
         

အာကာလင်း