ရန်ကုန်တွင်ပေါ်တာဆွဲခြင်း မရှိ၊ လတ်တလောသတင်းမှာ အမှားဖြစ်၍ ပြည်သူများ စိတ်ပူရန်မလိုဟုဆို

 

ရန်ကုန်  နိုဝင်ဘာ  ၂၁


ရန်ကုန်တွင်ပေါ်တာဆွဲခြင်း  မရှိ၊ လတ်တလောသတင်းမှာ  အမှား ဖြစ်၍    ပြည်သူများ   စိတ်ပူရန် မလိုကြောင်း စုံစမ်းသိရှိရသည်။


“ဒီလိုအချိန်မှာ     သတင်း တွေကို  ကောလာဟလ  ဖြန့်နေ ကြတာပါ။ ပေါ်တာဆွဲတယ်ဆိုတာ မဟုတ်ဘူး။ ပြည်သူတွေ  စိတ်ပူ ဖို့မလိုဘူးဆိုတာ ပြောချင်တယ်” ဟု တာဝန်ရှိသူက ပြောသည်။


လူမှုကွန်ရက်တွင်   ပေါ်တာ ဆွဲနေသည်ဆိုသော သတင်းများ ပျံ့နှံ့နေသောကြောင့်    ညပိုင်း အချိန်တွင်      လူသွားလူလာ နည်းပါးနေကြောင်း မြို့ခံများက ပြောသည်။


“ကျွန်တော်တို့   မြို့နယ်မှာ ပေါ်တာဆွဲတယ်ဆိုလို့    လူငယ် လေးတွေ အပြင်မထွက်ကြဘူး။ ဒါပေမယ့် ဘယ်မှာပေါ်တာဆွဲလဲ လို့မေးရင်လည်း      တိတိကျကျ ဘယ်သူမှ      မပြောနိုင်ဘူး။ ဒါကြောင့်    ကျွန်တော်ကတော့ လက်လှမ်းမီသလောက် ဒီသတင်း ဟာ   အခြေအမြစ်မရှိတာဖြစ်လို့ မယုံကြဖို့    ပြောပြပါတယ်”  ဟု ပုဇွန်တောင်မြို့နယ်တွင် နေထိုင် သူတစ်ဦးက ပြောသည်။


မကြာသေးမီကလည်း ဘဏ် များနှင့်ပတ်သက်သည့် ကောလာ ဟလသတင်း၊      တက္ကသိုလ် ကျောင်းသားများ    စစ်သင်တန်း တက်ရမည်ဆိုသော သတင်းများ ကောလာဟလပြန့်ခဲ့သေးသည်။


Myo Khaing