ရန်ကုန်တက္ကသိုလ်အတွက် သင်ကြားရေးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ ဖြည့်ဆည်းပေးရန် ခွင့်ပြုရန်ပုံငွေများ ဖြည့်ဆည်းပေးသွားမည်

 

ရန်ကုန်   မတ်   ၁၁


ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် ဒုတိယဝန်ကြီးများ ဖြစ်ကြသည့် ဒေါက်တာ ဇော်မြင့်၊ ဦးဇော်ဝင်းတို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ရန်ကုန်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးများ၊  ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။

 

တွေ့ဆုံစဉ်    ပြည်ထောင်စု ဝန်ကြီးက   ရန်ကုန်တက္ကသိုလ် အတွက် သင်ကြားရေးပစ္စည်းများ၊ သင်ထောက်ကူပစ္စည်းများ ဖြည့် ဆည်းပေးရန်    ခွင့်ပြုရန်ပုံငွေ များ ဖြည့်ဆည်းပေးသွားမည်ဖြစ် ကြောင်း၊ တက္ကသိုလ်၏  သုတေ သနလုပ်ငန်းများ   အောင်မြင်စေ ရန် လိုအပ်ချက်များကို ဖြည့်ဆည်း ပေးမည်ဖြစ်ကြောင်း၊ အင်တာနက် ဝိုင်ဖိုင် ပြည့်စုံရန်နှင့် သုတေသန လုပ်ငန်းဆောင်ရွက်ရန် ရန်ပုံငွေ များ၊ ခရီးစရိတ်များကိုပါ ပံ့ပိုးပေး သွားမည်ဖြစ်ကြောင်း၊    ဆရာ ဆရာမများအနေဖြင့် သင်ကြား ရေးပိုင်းတွင်သာမက သုတေသန လုပ်ငန်းများ  အောင်မြင်နိုင်ရေး အတွက်ပါ      ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြစေ  လိုကြောင်း၊ ကျောင်းသား  ကျောင်းသူများကို လည်း အမှန်တကယ်တတ်မြောက် သော ပညာတတ်များဖြစ်လာစေ ရေး   လေ့ကျင့်မွေးထုတ်ပေးကြ စေလိုကြောင်း ပြောကြားသည်။

 


ထို့နောက်  အဆင့်မြင့်ပညာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ဝင်းထွန်းက  ရန်ကုန် တက္ကသိုလ် ဥပဓိရုပ်ကောင်းမွန် ရေး၊ ဆရာ ဆရာမများ၏ အရည် အသွေးတိုးတက်စေရေးအတွက် မွမ်းမံသင်တန်းများ    ဖွင့်လှစ်ရေး နှင့် ဝန်ထမ်းများ၏ ရာထူးတိုးကိစ္စ ရပ်များ၊ သက်ဆိုင်ရာ ပညာတော် သင်များ   သွားရောက်ရာတွင် လိုက်နာရန် စည်းမျဉ်း စည်းကမ်း များကို      ရှင်းလင်းပြောကြား သည်။

 


ဆက်လက်၍  ပြည်ထောင်စု ဝန်ကြီးနှင့် တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင် မြို့နယ်  အခြေခံပညာအထက် တန်းကျောင်း(ခွဲ)     ကျိုက္ခနာသို့ ရောက်ရှိကြပြီး  ကျောင်းစင်္ကြံ လမ်းများပြုပြင်ခြင်း၊    ကျောင်း ဥပဓိရုပ်    ကောင်းမွန်ရေးအတွက် ပြုပြင်ထိန်းသိမ်းခြင်းနှင့် ရေသန့် စက်များ၊ သန့်စင်ခန်းများ ဖြည့် ဆည်းပေးနိုင်ရေးအတွက် ပေါင်း စပ် ညှိနှိုင်းဆောင်ရွက် ပေးသည်။ 

 


ယင်းနောက် ပြည်ထောင်စု ဝန်ကြီးနှင့်တာဝန်ရှိသူများသည် ရန်ကုန်ပညာရေး တက္ကသိုလ်နှင့် လေ့ကျင့်ရေးအထက်တန်းကျောင်း သို့ရောက်ရှိပြီး        ပညာရေး တက္ကသိုလ်ဝင်းအတွင်း  စာသင် ဆောင်နှင့် အားကစားရုံ ဆောက် လုပ်ခြင်း၊    စာသင်ဆောင်များ ဆေးပြန်လည်မွမ်းမံခြင်း၊   လေ့ ကျင့်ရေး အထက်တန်းကျောင်း ၏ ကျောင်းဆောင်    ဆေးပြန်လည် မွမ်းမံခြင်း၊       ခြံစည်းရိုးများ ပြန်လည် ပြုပြင်ဆေးသုတ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။ 


သတင်းစဉ်