ရန်ကုန် နိုဝင်ဘာ ၃
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဖလား ဖိတ်ခေါ်       ကြက်တောင်ရိုက်ပြိုင်ပွဲကို အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၃ ရက် အထိ  ကျင်းပပြီး  ဗိုလ်လုပွဲပြိုင်ပွဲများကို ယနေ့မွန်းလွဲ  ၂  နာရီက  ရန်ကုန်မြို့ လမ်းမတော်မြို့နယ် အမျိုးသားကြက်တောင် အားကစားခန်းမ၌  ကျင်းပရာ  ရန်ကုန်တိုင်း ဒေသကြီး   ဝန်ကြီးချုပ်  ဦးစိုးသိန်း  တက် ရောက်ကြည့်ရှုအားပေးသည်။
အဆိုပါ ဗိုလ်လုပွဲပြိုင်ပွဲ၌ အသက် ၁၅ နှစ်  အမျိုးသား၊  အမျိုးသမီး  တစ်ဦးချင်း ပြိုင်ပွဲများ၊ သာမန်တန်း အမျိုးသား၊ အမျိုး သမီး တစ်ဦးချင်း နှစ်ယောက်တွဲပြိုင်ပွဲများ၊ ဝါသနာရှင်       အမျိုးသား၊      အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲများ ကျင်းပပြီး ပထမ၊ ဒုတိယ၊         ပူးတွဲတတိယ      ရရှိကြသော အားကစားသမားများအား      ရန်ကုန်တိုင်း ဒေသကြီး       ဝန်ကြီးများ၊       ရန်ကုန် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဥက္ကဋ္ဌနှင့်      ဥပဒေချုပ်တို့က တစ်ဦးချင်း   ဆုတံဆိပ်နှင့်   ငွေသားဆုများ ပေးအပ်ချီးမြှင့်ကြသည်။ ထို့နောက် တိုင်းဒေ သကြီး    ဝန်ကြီးချုပ်က     သာမန်တန်း အမျိုးသား၊ အမျိုးသမီး နှစ်ယောက်တွဲပြိုင်ပွဲ များတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိကြ သော အားကစားသမားများအား   တစ်ဦးချင်း ဆုတံဆိပ်နှင့် ငွေသားဆုများ ချီးမြှင့်ကြပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။ ယင်းပြိုင်ပွဲတွင်  ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီးရှိ   ကလပ်များမှ အားကစားသမား  ၁၈၀  ကျော် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
အာကာစိုး
      


