
ရန်ကုန် ဇန်နဝါရီ ၁၄
ရန်ကုန်တိုင်းဒေသကြီး မှော်ဘီ မြို့နယ် လိပ်ပုတ်ကျေးရွာအုပ်စု အမှတ် (၄) လမ်းမကြီးဘေးရှိ Grand Royal အရက်ချက်စက်ရုံ တွင် ညနေ ၃ နာရီ မိနစ် ၃၀ ခန့် က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ရန်ကုန်တိုင်း ဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့် တိုင်း ဒေသကြီး ဝန်ကြီးများ သွားရောက် ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသ ကြီး မီးသတ်ဦးစီးမှူးက အရက် သိုလှောင်ကန်မှ စတင်မီးလောင် မှုဖြစ်ပွားသည့် အခြေအနေများနှင့် တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ရုံးမှ မီးသတ်ယာဉ်များ၊ ရေသယ် ယာဉ်များ၊ ခရိုင်၊ မြို့နယ်များမှ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ် များဖြင့် မီးငြှိမ်းသတ်လျက်ရှိစဉ် ညနေ ၅ နာရီ မိနစ် ၃၀ ခန့်တွင် စိစစ်ဆဲနေရာမှ ပေါက်ကွဲမှုဖြစ်ပွား ခဲ့သဖြင့် သန္ဓေမီးသတ်သုံးဦး၊ အရန်မီးသတ် ရှစ်ဦး၊ ပရဟိတ ခြောက်ဦး၊ ကုမ္ပဏီဝန်ထမ်း တစ်ဦး စုစုပေါင်း ၁၈ ဦး မစိုးရိမ်ရ ဒဏ်ရာ အသီးသီးရရှိခဲ့သဖြင့် အင်းစိန် ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကုသပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြမှု များနှင့် စပ်လျဉ်း၍ အမြန်ဆုံး မီးငြှိမ်းသတ်နိုင်ရေးနှင့် ဘေး ပတ်ဝန်းကျင်သို့ ထပ်မံမီးကူးစက် လောင်ကျွမ်းမှုမရှိစေရေး၊ မီးငြှိမ်း သတ်နေသော မီးသတ်တပ်ဖွဲ့ဝင် များ ထိခိုက်ဒဏ်ရာရရှိမှု မရှိစေရေး နှင့် အကယ်၍ ထိခိုက်ဒဏ်ရာ ရရှိပါက အမြန်ဆုံးဆေးကုသမှု ပေးနိုင်ရေး စနစ်တကျဖြင့် ကြီးကြပ်စီမံ ဆောင်ရွက်သွားကြ ရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေး သည်။
ယင်းနောက် ဒဏ်ရာရရှိ၍ ဆေးရုံတက်ရောက် ဆေးကုသမှု ခံယူနေသူများကို တိုင်းဒေသ ကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က သွားရောက်ကြည့်ရှု အားပေး စကားပြောကြားပြီး ထောက်ပံ့ ဂုဏ်ပြုငွေများ ပေးအပ် ခဲ့ကြောင်း သိရသည်။
ဆန်းကျော်ဦး(ပြန်/ဆက်)