ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် လှော်ကားဥယျာဉ်မွမ်းမံပြင်ဆင်နေမှုများကို ကြည့်ရှုစစ်ဆေး

 

ရန်ကုန်   ဒီဇင်ဘာ  ၅


ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီး ချုပ် ဦးလှစိုးနှင့်  တိုင်းဒေသကြီး ဝန်ကြီးများသည် ဒီဇင်ဘာ ၃ ရက် က ကျူးကျော်များ ရှင်းလင်းပြီး လမ်းပြန်လည်ဖောက်လုပ်နေမှု၊ လှော်ကားဥယျာဉ်    ဖွင့်လှစ်ရန် မွမ်းမံပြင်ဆင်နေမှုများကို ကြည့်ရှု စစ်ဆေးသည်။

 


ရှေးဦးစွာ   တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် အင်းစိန်မြို့နယ် ကြိုကုန်းအရှေ့ နှင့်  စော်ဘွားကြီး  ကုန်းရပ်ကွက်  မင်းဓမ္မလမ်းနှင့်    ပြည်လမ်းကို ဆက်သွယ်ထားသည့်   အရှည်ပေ   ၂၈ဝဝ   ရှိ    ဇင်ဇီယာလမ်းဘေး ဝဲယာတွင်  ကျူးကျော်နေသည့် အဆောက်အအုံ  ၃၀၃  လုံးကို ဖယ်ရှားရှင်းလင်းပြီး   အဆိုပါလမ်း ကို     မင်းဓမ္မလမ်း     ယာဉ်ကြော ကျပ်တည်းမှု     လျှော့ချနိုင်ရန် ကွန်ကရစ်လမ်း      ခင်းနိုင်ရေး ရန်ကုန်မြို့တော်    စည်ပင်သာယာ ရေးကော်မတီမှ စက်ယန္တရားကြီး များဖြင့် လုပ်ငန်းဆောင်ရွက်နေမှု များကို ကြည့်ရှုစစ်ဆေးသည်။

 


ဆက်လက်၍       မင်္ဂလာဒုံ မြို့နယ်  လှော်ကားဥယျာဉ်မွမ်းမံပြင်ဆင်နေမှုများကို  ကြည့်ရှုစစ် ဆေးရာ တိုင်းဒေသကြီးသစ်တော ဦးစီးဌာန    ညွှန်ကြားရေးမှူး ဦးတက်တိုးနှင့် ဥယျာဉ်တာဝန်ခံ ဦးရာဇာထွေးက   ဧရိယာ   ဧက ၁၅၄၀ ပေါ်တွင်  တိရစ္ဆာန်မျိုးစိတ် ခုနစ်မျိုးရှိပြီး အကောင်ရေ ၁၇၆၈ ကောင်၏  အစာနှင့်ကျန်းမာရေး အတွက် ဆရာဝန်များ   ညွှန်ကြား ချက်ဖြင့်    အစာကျွေးမွေးမှုနှင့်   ကျန်းမာရေးစောင့်ရှောက်ပေးမှု၊ ဥယျာဉ်အတွင်း ပြုပြင်ပြီးလုပ်ငန်း များဖြစ်သည့်     ကန်ပတ်လမ်း၊   ကြိုး တံတား၊   စက်ဘီးစီးပတ်လမ်း၊ တောတွင်း      လျှောက်လမ်းနှင့် ဧည့်နားနေဆောင်များကို   ပြန် လည်အဆင့်မြှင့်တင် ဆောင်ရွက် နေမှုများကို ရှင်းလင်းတင်ပြသည်။

 


ရှင်းလင်းတင်ပြချက်များနှင့် စပ်လျဉ်း၍    တိုင်းဒေသကြီး ဝန်ကြီးချုပ်က  လိုအပ်သည်များ  မှာကြားပြီး     တိရစ္ဆာန်များကို တစ်နေ့တာ   အစာကျွေးမွေးရေး အတွက် ငွေကျပ်ငါးသိန်းကို လှူဒါန်း ကြောင်း သိရသည်။  

   ဆန်းကျော်ဦး(ပြန်/ဆက်)