
ရန်ကုန် နိုဝင်ဘာ ၂၉
(၇၅) နှစ်မြောက်စိန်ရတု လွတ်လပ်ရေးနေ့ နိုင်ငံတော် အလံတင်ခြင်း၊ နိုင်ငံတော် အလံအလေးပြုခြင်းနှင့် သဝဏ်လွှာ ဖတ်ကြားသည့်အခမ်းအနားကို ရန်ကုန် တိုင်းဒေသကြီးတွင် အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ယနေ့မွန်းလွဲပိုင်း က တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ(၃)၌ ကျင်းပရာ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်း ဒေသကြီးဝန်ကြီးများ၊ စိန်ရတုလွတ်လပ်ရေးနေ့ အခမ်းအနားကျင်းပရေးဦးစီးကော်မတီနှင့် လုပ်ငန်း ကော်မတီ (၈) ခုမှ တာဝန်ရှိသူများ၊ တိုင်းဒေသ ကြီးအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က အမှာစကား ပြောကြားရာ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတု လွတ်လပ်ရေးနေ့အခမ်းအနားကို တိုင်းဒေသကြီးတွင် စည်ကားသိုက်မြိုက်အောင်မြင်စွာ ကျင်းပဆောင် ရွက်သွားနိုင်ရေး လုပ်ငန်းကော်မတီ (၈)ခုမှတာဝန် ရှိသူများသည် ကော်မတီအလိုက် ဆောင်ရွက်မည့် အစီအမံများနှင့်လိုအပ်ချက်များကို ဦးစီးကော်မတီသို့ တင်ပြဆောင်ရွက်သွားရန်နှင့် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးရန် ပြောကြားသည်။
ထို့နောက် လုပ်ငန်းကော်မတီ (၈)ခုဖြစ်သည့် နိုင်ငံတော်အလံတင်ခြင်း၊ နိုင်ငံတော်အလံအလေးပြု ခြင်းနှင့် သဝဏ်လွှာဖတ်ကြားသည့် အခမ်းအနား ကျင်းပရေးကော်မတီ၊ အခမ်းအနား မွမ်းမံပြင်ဆင် ရေး၊ ဖိတ်ကြားရေး၊ သယ်ယူပို့ဆောင်ရေး၊ ကြိုဆို နေရာချထားရေး၊ ကျန်းမာရေး၊ ပြန်ကြားရေးနှင့် လုံခြုံရေးလုပ်ငန်းကော်မတီတို့မှ တာဝန်ရှိသူများ က ကော်မတီအလိုက် ဆောင်ရွက်ထားရှိမှုများကိုရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ တက်ရောက်လာကြသူများက အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေး ဝိုင်းဝန်း အကြံပြုဆွေးနွေးတင်ပြကြသည်။
ယင်းနောက် ဝန်ကြီးချုပ်က တင်ပြချက်များ အပေါ် လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးပြီး လုံခြုံရေးအထူးဂရုပြု ဆောင်ရွက်သွားကြရန်နှင့် အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ရေးလုပ်ငန်း ကော်မတီများက ညီညီညွတ်ညွတ်ဖြင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ကြရန် နိဂုံးချုပ်စကား ပြောကြား သည်။
၎င်းနောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် (၇၅)နှစ် မြောက်စိန်ရတု လွတ်လပ်ရေးနေ့အထိမ်းအမှတ် အဖြစ် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင်ပြသမည့် ပြခန်းများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားကြောင်း သိရသည်။
အခမ်းအနားသို့ တိုင်းရင်းသားကိုယ်စားလှယ် များ၊ ရဲဘော်သုံးကျိပ်ဝင်မိသားစုများ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ စစ်မှုထမ်းဟောင်းအဖွဲ့များ၊ YMBA အသင်းမှတာဝန်ရှိသူများ၊ အရန်မီးသတ်နှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့များနှင့်ဖိတ်ကြားထားသူများတက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
ဆန်းကျော်ဦး
(ပြန်/ဆက်)