
ရန်ကုန် ဒီဇင်ဘာ ၂၃
ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဗိုလ်တထောင် စေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့၏ ဩဝါဒါစရိယဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိအား ကိုရီးယားသမ္မတနိုင်ငံမှ ချီးမြှင့်ဆက်ကပ်တော် မူသည့် ကမ္ဘာ့ငြိမ်းချမ်းရေးပါရဂူဒေါက်တာဘွဲ့အား ထပ်ဆင့်ဂုဏ်ပြု ချီးကျူးပူဇော်ပွဲကို ဒီဇင်ဘာ ၂၁ ရက်က ဗိုလ်တထောင်ကျိုက်ဒေးအပ် ဆံတော်ဦးစေတီတော် နန်းဦးဘုရားကြီး တန်ဆောင်း၌ ကျင်းပသည်။
အခမ်းအနားသို့ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ဘဒ္ဒန္တ နာရဒါဘိဝံသ (လှရတနာ)ဆရာတော်၊ ဗိုလ်တထောင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့မှ ဆရာတော်ကြီးများ၊ ပင့်ဖိတ်ထားသည့် သံဃာတော်များ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်ဝင်းသိန်း၊ ဘာသာပေါင်းစုံညီညွတ်ရေးအသင်းမှ တာဝန် ရှိသူများ၊ ဗိုလ်တထောင်စေတီတော် ဂေါပကအဖွဲ့ဝင်များနှင့်အလှူရှင် များ တက်ရောက်ကြသည်။
ဦးစွာ ဩဝါဒါစရိယ ဆရာတော် ဒေါက်တာဘဒ္ဒန္တအဂ္ဂသာမိ အရှင်သူ မြတ်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး မတ္တရာဆရာတော် အရှင်သူမြတ်က ဒေါက်တာ ဘဒ္ဒန္တ အဂ္ဂသာမိ အရှင်သူမြတ်၏ ထေရုပ္ပတ္တိ အား ဖတ်ကြားပူဇော်သည်။
ထို့နောက် တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီးက ကမ္ဘာ့ငြိမ်းချမ်း ရေးပါရဂူဒေါက်တာဘွဲ့ တံဆိပ်တော်ကို ဆက်ကပ်ပြီး (အပေါ်ပုံ) ဗိုလ်တထောင်စေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ဝင် ဦးအောင် ကိုဇော်က ထပ်ဆင့်ဂုဏ်ပြုလွှာနှင့် ထိုင်းနိုင်ငံဗိုလ်ချုပ်ကြီးက လှူဒါန်း သော သင်္ကန်းတော်ကို ဆက်ကပ်၍ ကြွရောက်တော်မူကြသော ဆရာ တော်၊ သံဃာတော်များအား ဂေါပကအဖွဲ့နှင့် အလှူရှင်များက လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြကြောင်း သိရသည်။
အာကာလင်း