ရန်ကုန်တိုင်းဒေသကြီးရှိ စာစစ်ဌာန ၇၃ ခုတွင် ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်တို့အား ကျောင်းသား ကျောင်းသူ ၁၈၀၂၅ ဦး စိတ်အေးချမ်းပျော်ရွှင်စွာ ဖြေဆို

 

ရန်ကုန်  မတ် ၁၆
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၇၃ ခုတွင် ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ်တို့အား ယနေ့နံနက် ၉  နာရီတွင် ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာဖြင့်  ဖြေဆိုခဲ့ကြသည်။ 
ယနေ့ ဘာသာရပ်နှစ်မျိုးဖြေဆိုသောနေ့တွင် ဘောဂဗေဒဘာသာရပ်အား      ကျောင်းသား ကျောင်းသူ  ၉၈၉၉  ဦး  ဖြေဆိုခဲ့ပြီး   ခရမ်းမြို့နယ်  ပြည်သူ့ဆေးရုံတွင် ကျောင်းသူ တစ်ဦးနှင့် အင်းစိန် အကျဉ်းဦးစီးရှိ အမှတ် (၁၃) အလယ်တန်းကျောင်း စာစစ်ဌာန၌ အကျဉ်းသား ခုနစ်ဦးတို့က  ဘောဂဗေဒ ဘာသာရပ်ကို ဖြေဆိုခဲ့ကြသည်။ ရူပဗေဒဘာသာရပ် တွင် ကျောင်းသား ကျောင်းသူ ၈၁၂၆ ဦးဖြေဆိုခဲ့ကြ ပြီး   ကမာရွတ်မြို့နယ်နှင့်    တာမွေမြို့နယ်တို့မှ ကျောင်းသူ နှစ်ဦးသည်   ဆေးရုံများမှ   ဖြေဆိုခဲ့ကြ သည်။ 
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စာစစ်ဌာန ၇၃ ခုတွင် ဘောဂဗေဒဘာသာရပ်နှင့် ဇီဝဗေဒဘာသာရပ် တို့အား ဖြေဆိုခဲ့ကြသည့် ကျောင်းသား ကျောင်းသူ ၁၈၀၂၅ ဦးတို့သည်  ယနေ့တွင်လည်း ဘာသာရပ်များ ကို စိတ်အေးချမ်းပျော်ရွှင်စွာဖြင့် ဖြေဆိုခဲ့ကြသည်။ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် Grade -12 သင်ရိုးသစ်၊   စနစ်သစ်ဖြင့်     ဖြေဆိုရခြင်းဖြစ်ပြီး ကျောင်းသား  ကျောင်းသူများ သက်ဆိုင်ရာဘာသာရပ် များနှင့် မေးခွန်းပုံစံများကို သိရှိနားလည်စေရန် ဆရာ ဆရာမများအား သင်တန်းများပို့ချပေးခဲ့သည့်နည်းတူ ပညာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစာစစ်ဌာန တို့မှ ထုတ်ဝေသည့်  Grade-12   သင်ရိုးသစ်နှင့် ပတ်သက်သည့် ဘာသာရပ်အလိုက် မေးခွန်းပုံစံများ ကိုလည်း ကျောင်းများ၌ လေ့ကျင့်သင်ကြားပေးခဲ့ရာ နွေရာသီကျောင်းပိတ်ရက်တွင်လည်း    သင်ရိုးသစ် ဘာသာရပ်များနှင့် စပ်လျဉ်း၍  ဆရာ ဆရာမများအား မွမ်းမံသင်တန်းများ   လေ့ကျင့်သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ညိမ်းသူ( သတင်းစဉ်)၊ ဓာတ်ပုံ - ကနူး