ရန်ကုန်တိုင်းဒေသကြီး၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး ကြိုတင်ပြင်ဆင်မှုများဆောင်ရွက်

 

ရန်ကုန်  မေ   ၂၂


ရန်ကုန်တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့  လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို မေ  ၂၀ ရက်က တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံး       အစည်းအဝေးခန်းမ၌    ပြုလုပ်ရာ   တိုင်းဒေသကြီး      သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ     တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ရာသီဥတုပြောင်းလဲ လာမှုကြောင့်  ကြုံတွေ့လာနိုင်သည့်  သဘာဝ ဘေးအန္တရာယ်များအတွက်     စနစ်တကျစီမံနိုင် ရန်     တိုင်းဒေသကြီးအဆင့်   သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ကို ကြိုတင် ပြင်ဆင်စုဖွဲ့ထားပြီးဖြစ်၍  လုပ်ငန်းကော်မတီ အလိုက် သတ်မှတ်ထားသည့်  လုပ်ငန်းတာဝန် များကို စနစ်တကျ ဆောင်ရွက်သွားကြရန်နှင့်    တိုင်းဒေသကြီးအတွင်း    သဘာဝဘေးအန္တရာယ် ကျရောက်ခဲ့ပါက       ကူညီကယ်ဆယ်ရေး လုပ်ငန်းများ   ဆောလျင်စွာ   ဆောင်ရွက်ပေး နိုင်ရေးနှင့်  ပြန်လည်ထူထောင်ရေးဆိုင်ရာ များကို ပြောကြားသည်။

 


ထို့နောက်  တိုင်းဒေသကြီး သဘာဝဘေး အန္တရာယ်ဆိုင်ရာ    စီမံခန့်ခွဲမှုအဖွဲ့    တွဲဖက် အတွင်းရေးမှူး တိုင်းဒေသကြီး   ဘေးအန္တရာယ် ဆိုင်ရာ  စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသန်းစိုး၊  မီးသတ်ဦးစီးဌာန၊   မိုးလေဝသနှင့်    ဇလဗေဒညွှန်ကြားမှုဦးစီးဌာန   အပါအဝင် တိုင်းဒေသကြီးဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့      ဥက္ကဋ္ဌများက  သဘာဝဘေးအန္တရာယ်          ကြုံတွေ့လာပါက ကြိုတင်       ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်  ပြင်ဆင်ဆောင်ရွက်ထားရှိမှုများကိုရှင်းလင်းတင်ပြ၍  တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း  ဆောင်ရွက် ပေးခဲ့​သည်။        
                       

ဆန်းကျော်ဦး (ပြန်/ဆက်)