ရန်ကုန် မေ ၂၅
၂၀၂၆-၂၀၂၇ ပညာသင်နှစ် ကျောင်းအပ်နှံရေးနေ့ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်း ဒေသကြီး ကျောက်တံတားခရိုင် လသာမြို့နယ် အမှတ်(၂)အခြေခံပညာအထက် တန်းကျောင်းတွင် ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်စန္ဒာသွယ်နှင့် တာဝန်ရှိသူများ၊ ဆရာ ဆရာများ၊ ကျောင်းသား ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်ကြသည်။
ဦးစွာ ဘင်ခရာအဖွဲ့နှင့် ပန်းဖွားအဖွဲ့တို့က ဖျော်ဖြေ တင်ဆက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်ကို စက် ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးသည်။
ထို့နောက် ဒဂုံမြို့နယ် အမှတ် (၁) အခြေခံပညာ အထက်တန်း ကျောင်းမှ ကျောင်းသား ကျောင်း သူများက “မီးမီးလေးရဲ့ မေမေ့ ကျောင်း” သီချင်းကို သံစုံတီးဝိုင်းဖြင့် သီဆိုတီးခတ် ဖျော်ဖြေတင်ဆက်ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားကာ အခမဲ့ပုံနှိပ်စာအုပ်များနှင့် Football For School Program အတွက် အခမဲ့ဘောလုံးများကိုလည်းကောင်း အခမဲ့ဗလာစာအုပ်များ၊ ကျောင်းဝတ်စုံ များ၊ အခမဲ့ ဘောပင်များကိုလည်းကောင်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို
(ပြန်/ဆက်)