ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပြည်သူ့အငှားအိမ်ရာ တည်ဆောက်ရေးစီမံကိန်းလုပ်ငန်း စုစုပေါင်း အိမ်ရာစီမံကိန်းလုပ်ငန်းများ ပျမ်းမျှ  ၅၅ ရာခိုင်နှုန်း ပြီးစီးလျက်ရှိ

 

 

နေပြည်တော်   ဇွန်    ၆ 
ဆောက်လုပ်ရေး   ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး သည်   ယမန်နေ့   မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်   အမှတ်(၇) လမ်းမကြီးနှင့် အမှတ် (၂) လမ်းမ ကြီးအကြားရှိ    ပြည်သူ့အငှား အိမ်ရာ တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်သို့      ရောက်ရှိပြီး ရှင်းလင်းဆောင်တွင် ရန်ကုန်တိုင်း ဒေသကြီး ဌာနဆိုင်ရာ တာဝန်ရှိ  သူများ၊ မြန်မာနိုင်ငံ ဆောက်လုပ် ရေးဆိုင်ရာ     လုပ်ငန်းရှင်များ အသင်းချုပ်၊ မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် တို့မှ    ဥက္ကဋ္ဌများနှင့်   တာဝန်ရှိ သူများအား တွေ့ဆုံသည်။
အိမ်ရာစီမံကိန်းဆောင်ရွက်
တွေ့ဆုံစဉ်  တာဝန်ရှိသူများ က လုပ်ငန်းများဆောင်ရွက်မှုကို ကဏ္ဍအလိုက်    ရှင်းလင်းတင်ပြ ရာ     ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်     စီမံအုပ်ချုပ်ရေး ကောင်စီ၏   လမ်းညွှန်ချက်နှင့် အညီ    ပြည်သူများနှင့်   နိုင်ငံ့ ဝန်ထမ်းများနေထိုင်ရေး အဆင် ပြေစေရန်နှင့် အလုပ်အကိုင် အခွင့် အလမ်းများ  ရရှိစေရန်အတွက် ရန်ကုန်၊       နေပြည်တော်နှင့် မန္တလေးတို့တွင် အိမ်ရာစီမံကိန်း ကို        အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ       ပထမ အဆင့်အနေဖြင့် အိမ်ခန်းပေါင်း ၅၀၀၈ ခန်းကို အကောင်အထည် ဖော် ဆောင်ရွက်လျက်ရှိကြောင်း။
လုပ်ငန်းပြီးစီးမှုကြည့်ရှု
ယခု ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်   တောင်ပိုင်းမြို့နယ် တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန၏       ကြီးကြပ်ကွပ်ကဲမှုဖြင့် မြန်မာနိုင်ငံ   ဆောက်လုပ်ရေး ဆိုင်ရာ   လုပ်ငန်းရှင်များအသင်း ချုပ်နှင့်    မြန်မာနိုင်ငံလိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် တို့မှ  အ‌ဆောက်အအုံ  ၁၉၄ လုံး၊ အိမ်ခန်းပေါင်း      ၃၁၀၄  ခန်း ဆောင်ရွက်နေမှုနှင့် လုပ်ငန်းပြီးစီး မှုတို့ကို  မိမိ လာရောက်ကြည့်ရှု စစ်ဆေးခြင်း       ဖြစ်ကြောင်း၊ အသင်းချုပ်များ၏      လုပ်ငန်း ဆောင်ရွက်စဉ်     တွေ့ကြုံရမည့် အခက်အခဲများ၊      ဘဏ္ဍာရေး ဆိုင်ရာ    ကိစ္စရပ်များကို    ရန်ကုန် တိုင်းဒေသကြီး    အစိုးရအဖွဲ့၊ သက်ဆိုင်ရာ    ဝန်ကြီးဌာနများ နှင့်   ပေါင်းစပ်ညှိနှိုင်းပြီး  ကူညီ ဆောင်ရွက်ပေးသွားမည်   ဖြစ် ကြောင်း။
အသင်းချုပ်များ  အနေဖြင့် အိမ်ရာစီမံကိန်း   လုပ်ငန်းများ သတ်မှတ်အချိန်မီ      ပြီးစီးရေး အတွက် စာချုပ်ပါ စည်းကမ်းများ၊ ဥပဒေစည်းမျဉ်း၊ စည်းကမ်းများ နှင့်အညီ လိုက်နာဆောင်ရွက်ပေး ရန်ဖြစ်ကြောင်း၊     နိုင်ငံတော် ဘဏ္ဍာငွေများ   လေလွင့်မှု  မရှိ စေရန်နှင့် လုပ်ငန်းများ အောင်မြင် စွာ ပြီးစီးရေးအတွက် ဆက်လက် ဝိုင်းဝန်းပူးပေါင်း   ဆောင်ရွက်ရန် လိုကြောင်း။
သစ်ပင်များစိုက်ပျိုးပေး
အိမ်ရာစီမံကိန်း    အတွင်း နေထိုင်မည့်သူများ အဆင်ပြေစေ ရေးအတွက်    ရေ/မီး   ရရှိရေး၊ အရိပ်ရသစ်ပင်များ စိုက်ပျိုးပေး နိုင်ရန်   သယံဇာတနှင့်  သဘာဝ ပတ်ဝန်းကျင်    ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ သစ်တောဦးစီးဌာန တို့နှင့်    ပူးပေါင်းပြီး  သစ်ပင်များ စိုက်ပျိုးပေးရန်တို့ကို မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ထို့နောက်    ပြည်ထောင်စု ဝန်ကြီးနှင့်  အဖွဲ့သည်    အိမ်ရာ တည်ဆောက်ရေး    စီမံကိန်း အတွင်း တည်ဆောက်ပြီးအိမ်ရာ များနှင့် တည်ဆောက်ဆဲအိမ်ရာ များကို      လှည့်လည်ကြည့်ရှု စစ်ဆေးသည်။
အိမ်ရာစီမံကိန်းလုပ်ငန်းများ
ရန်ကုန်တိုင်းဒေသကြီး  ဒဂုံ မြို့သစ်  တောင်ပိုင်းမြို့နယ်တွင် ပြည်သူ့အငှားအိမ်ရာ    စီမံကိန်း အဆောက်အအုံ ၁၉၄လုံး၊ အိမ်ခန်း ပေါင်း ၃၁၀၄ ခန်းကို မြန်မာနိုင်ငံ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်း ရှင်များ အသင်းချုပ်မှ အဆောက် အအုံ ၉၇ လုံးတွင် ၅၉ ရာခိုင်နှုန်း ပြီးစီး၍    မြန်မာနိုင်ငံ  လိုင်စင်ရ ကန်ထရိုက်တာများ အသင်းချုပ် မှ     အဆောက်အအုံ   ၉၇ လုံး ဆောင်ရွက်ရာ   ၅၁ ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီး၍     စုစုပေါင်း အိမ်ရာစီမံကိန်း   လုပ်ငန်းများ ပျမ်းမျှ    ၅၅ ရာခိုင်နှုန်း  ပြီးစီး လျက်ရှိကြောင်း သိရသည်။ 
သတင်းစဉ်