ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ကရင်နှင့် ရခိုင် စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ အသစ်ပြန်လည်ဖွဲ့စည်း စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းရှင်းရမည်ဖြစ်

 

ရန်ကုန်   မတ်   ၅


ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ    ကရင်နှင့်   ရခိုင် စာပေနှင့်   ယဉ်ကျေးမှုအဖွဲ့များ     အသစ်ပြန်လည် ဖွဲ့စည်းအတည်ပြုခြင်း အခမ်းအနားကို   ယနေ့ မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး အင်းလျား လမ်းနှင့် ဥယျာဉ်လမ်းသွယ်ရှိ တိုင်းရင်းသားလူမျိုး များရေးရာဝန်ကြီးဌာန        ရန်ကုန်တိုင်းဒေသကြီး ညွှန်ကြားရေးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

 


အခမ်းအနားသို့ တိုင်းရင်းသားလူမျိုးများရေးရာ ဝန်ကြီးဌာန    ပြည်ထောင်စုဝန်ကြီး     ဦးစောထွန်း အောင်မြင့်၊     ဒုတိယဝန်ကြီး   ဦးဇော်အေးမောင်၊ ရန်ကုန်တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး   ဦးစောဂျက်ကော့ထူး၊   ညွှန်ကြားရေးမှူးချုပ်များ၊    ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ကရင်နှင့် ရခိုင်   စာပေ နှင့်      ယဉ်ကျေးမှုအဖွဲ့များနှင့်     ဝန်ထမ်းများ တက်ရောက်ကြသည်။

 


ဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင် မြင့်က    ရန်ကုန်တိုင်းဒေသကြီးတွင်   ယခု အသစ် ပြန်လည်ဖွဲ့စည်းထားသည့်   ကရင်နှင့်ရခိုင်    စာပေ နှင့် ယဉ်ကျေးမှုအဖွဲ့များကို အတည်ပြုပါကြောင်း၊ စာပေနှင့်ယဉ်ကျေးမှု အဖွဲ့များသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲ ကင်းရှင်းရမည် ဖြစ်ပါကြောင်း၊ စာပေနှင့်ယဉ်ကျေးမှု ကိစ္စရပ်များ    ဆောင်ရွက်ရသည့်အတွက်    အရောင် အသွေးမရှိရန် လိုအပ်ပါကြောင်း၊ မိမိတို့ ဝန်ကြီးဌာန သည်   တိုင်းရင်းသားများ၏   စာပေ၊  ယဉ်ကျေးမှု၊ အနုပညာများ ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ ပိုမိုဖွံ့ဖြိုး တိုးတက်အောင်      ဆောင်ရွက်ခြင်းများသာမက အဓိကကျသည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့်  တိုင်းပြည်ငြိမ်းချမ်းသာယာရေးအတွက်    ပံ့ပိုး ကူညီဆောင်ရွက်လျက်ရှိပါကြောင်း၊      နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်ချက်များပါ တိုင်းပြည်၏ အနာဂတ်သည်   လူငယ်များပင်    ဖြစ်ပါကြောင်း၊ လူငယ်များ ပညာတတ်ရန်လိုအပ်ပြီး  ပညာရေးကို ဦးစားပေးရမည်ဖြစ်ပါကြောင်း၊    မိမိတို့နိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသည့် နိုင်ငံဖြစ်သည့်အတွက် တောင်သူလယ်သမားများကို ကူညီပံ့ပိုးဆောင်ရွက် ပေးရမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ဆောင်ရွက် နေသည့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးခြင်း  ပန်းခင်းစီမံချက် သည်   အရေးကြီးသဖြင့်   အားလုံးပူးပေါင်းပါဝင် ဆောင်ရွက်ကြရန်   လိုအပ်ပါကြောင်း၊   တစ်ဖက် တွင်လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးကို အထူး ဂရုစိုက်ရမည်ဖြစ်ပါကြောင်း၊     နိုင်ငံတော်သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူ စာချုပ်(NCA)အရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များနှင့် ဆွေးနွေးမှုများကို ဖိတ်ခေါ်ဆောင်ရွက်လျက် ရှိရာ အားလုံးပါဝင်ကြရန် လိုအပ်ပါကြောင်း၊ တိုင်းပြည် ငြိမ်းချမ်းမှ     နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မည်ဖြစ်၍ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင်  တိုင်းရင်းသားများ အားလုံး ပူးပေါင်းပါဝင်  ဆောင်ရွက်ကြရမည်ဖြစ် ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးဇော်အေးမောင် က အမှာစကားပြောကြားသည်။

 


ယင်းနောက်    ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းနှင့် ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်းမှ တာဝန်ရှိသူများက ၎င်းတို့၏ စာပေနှင့်ယဉ်ကျေးမှုအသင်း ပြန်လည်ဖွဲ့စည်းထားရှိ မှုများကို  ရှင်းလင်းတင်ပြပြီး  ယင်းတို့ဆောင်ရွက် နေသည့် စာပေနှင့် ယဉ်ကျေးမှုကိစ္စများ၊ တိုင်းရင်း သား အရေးကိစ္စများကို ဆွေးနွေးတင်ပြကြသည်။ 

 


ထို့နောက်   ပြည်ထောင်စုဝန်ကြီးနှင့်   ဒုတိယ ဝန်ကြီးတို့က    တိုင်းရင်းသားများ၏     စာပေနှင့် ယဉ်ကျေးမှုကိစ္စရပ်များ ပိုမိုမြှင့်တင်ဆောင်ရွက်နိုင် ရန်အတွက် ကရင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အသင်းနှင့် ရခိုင်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေမှု အသင်းတို့ကို   ထောက်ပံ့ငွေများ     ပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက      နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။             


သတင်းစဉ်